ထိုင်းလေဆိပ်မှာ မီးလောင်မှုဖြစ်ပြီးနောက် လေယာဉ်ခရီးစဉ်လမ်းကြောင်းတွေကို လွှဲထားရ

ဘန်ကောက် ၂၆ ဇန်နဝါရီ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ပြည်တွင်းလေကြောင်းလိုင်း လေဆိပ်တစ်ခုမှာ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့က လျှပ်စစ်ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ခွန်ခမ်းလေဆိပ်ဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဆီကို ဝင်ထွက်သွားလာဖို့အချက် အချာနေရာတစ်ခုဖြစ်ပြီး  မြို့တော်ဘန်ကောက်ကနေ နိုင်ငံခြားသားခရီးသွားတွေ လာရောက်လည် ပတ်လေ့ ရှိတဲ့ နိုင်ငံရဲ့မြောက်ပိုင်း ချင်းမိုင်ဆီကို ပျံသန်းပေးနေတဲ့ လေယာဉ်တွေကိုဝန်ဆောင်မှုပေးရာ လေဆိပ် လည်းဖြစ်ပါတယ်။

လျှပ်စစ်လမ်းကြောင်းတွေ ပြင်ဆင်နေဆဲဖြစ်တဲ့အတွက် လေဆိပ်ပိတ်ထားတာ အချိန်ဘယ်လောက်ကြာအုံး မလဲဆိုတာ မသိသေးဘူးလို့ ပြည်တွင်းလေကြောင်းလိုင်းဌာန ပြည်သူ့ဆက်ဆံရေးအရာရှိတစ်ဦးက ရိုက်တာ ကို ပြောပါတယ်။လေယာဉ်ခရီးစဉ်တွေကိုလည်း အူဒွန်ထနီ လေဆိပ်မှာဆင်းသက်ဖို့ လမ်းကြောင်း လွှဲထား ရကြောင်း အဆိုပါအရာရှိက ပြောပါတယ်။နေ့လယ်ပိုင်းမှာ လေကြောင်းလိုင်းတွေ ပြန်လည်စတင်နိုင်မလားဆို တာ အာဏာပိုင်တွေက ချင့်ချိန်နေဆဲပဲလို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ခွန်ခမ်းလေဆိပ်ဆီကိုပျံသန်းတဲ့ ပြည်တွင်းလေကြောင်းလိုင်း လေးခုရှိပြီး နေ့စဉ် လေယာဉ် ၁၈ စင်း ဆိုက်ရောက် တယ်လို့လည်း သိရပါတယ်။အဲဒီလေကြောင်းလိုင်းတွေကတော့ ထိုင်းအဲဝေးလက်အောက်ခံ နော့အဲ၊ထိုင်းအဲအာရှ၊ ထိုင်းလိုင်းယွန်းအဲနဲ့ ထိုင်းစမိုင်းလေကြောင်းလိုင်းတို့ပဲဖြစ်ပါတယ်။

(MDN)

ကိုးကား-ရိုက်တာ