ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာကုမ္ပဏီသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားဈေးကွက်အတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မကြာမီထိုင်းနိုင်ငံ၌ လျှပ်စစ်ကားများကို စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ကြေညာထားသည်။

 

ထိုင်းနိုင်ငံ၌ မိတ်ဆက်ရောင်းချမည့် လျှပ်စစ်ကားမှာ bZ4X ဖြစ်ပြီး တိုယိုတာ၏ နာမည်ကျော် Lexus ဇိမ်ခံကား ပြီးပါက ပထမဆုံးထုတ်လုပ်သည့် လျှပ်စစ်ကားလည်း ဖြစ်သည်။

 

ဂျပန်၌ပင် ထုတ်လုပ်သွားမည်ဖြစ်ပြီး အဆိုပါလျှပ်စစ်ကားကို ထိုင်းဘတ်ငွေ ၁ ဒသမ ၈၃ သန်း (အမေရိကန်ဒေါ်လာ ၄၉၉၀၀) သတ်မှတ်ထားကြောင်းသိရသည်။

 

လျှပ်စစ်ကားကို တစ်ကြိမ်အားသွင်းပြီးပါက ကီလိုမီတာ ၄၀၀ အထိ မောင်းနှင်သွားလာနိုင်ပြီး အရောင်ခြောက်မျိုးဖြင့် ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခင်ရတနာ