ထိုင်းမှာ အငှားကိုယ်ဝန်ဆောင်နဲ့ မွေးတဲ့ ကလေး ၁၃ ဦး ထိန်းသိမ်းစောင့်ရှောက်ခွင့် “ကလေးစက်ရုံ” ဂျပန်အမျိုးသား အနိုင်ရ

၂၀ ဖေဖော်ဝါရီ

မစ်ဆူတိုခီ ရှီဂီတ ဆိုသူ ဂျပန်အမျိုးသားကို ထိုင်းနိုင်ငံက အငှားကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မွေးဖွားခဲ့တဲ့ ကလေး ၁၃ ဦးရဲ့ တစ်ဦးတည်းသော မိဘအဖြစ် ထိုင်းတရားရုံးက ယနေ့ အင်္ဂါနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်က ဘန်ကောက်တိုက်ခန်းတစ်ခုမှာ မွေးကင်းစကလေး ၉ ဦး၊ နောက်ထပ် အငှား ကိုယ်ဝန်ဆောင်နဲ့ မွေးဖွားထားတဲ့ ကလေး ၄ ဦး၊ စုစုပေါင်း ကလေး ၁၃ ဦး နဲ့ မစ်ဆူတိုခီ ရှီဂီတ တို့ မျိုးရိုးဗီဇ DNA ဆက်စပ်မှုရှိကြောင်း ထိုင်းရဲတွေက ပြောကြားပြီးနောက်ပိုင်း ၂၀၁၄ မှာ “ကလေးစက်ရုံ” လို့ အမည်ပေးထားတဲ့ အရှုပ်တော်ပုံ စတင်ခဲ့ပါတယ်။

ဂျပန်သူဌေးကြီးတစ်ဦးရဲ့ သားတစ်ဦးဖြစ်တဲ့ ရှီဂီတကို ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပေမယ့် ထိုင်းနိုင်ငံ လူမှုရေးရာဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားလုံခြုံရေး ဝန်ကြီးဌာနက သူ့ကို တရားစွဲခဲ့ပါတယ်။

ရှီဂီတက အဲဒီကလေးတွေကို ဂျပန်နိုင်ငံမှာ မွေးဖွားဖို့ ကလေးထိန်းတွေ၊ သူနာပြုတွေနဲ့ စီစဉ်နေပြီလို့ သိရပါတယ်။

ရှီဂီတ ဟာ ၂၀၁၅ မှာ အကျိုးအမြတ်များတဲ့ ကုန်သွယ်မှုတွေကို မပိတ်ပင်ခင်ကတည်းက  ထိုင်းအငှားကိုယ်ဝန်ဆောင်တွေကို အခပေးငှားရမ်းခဲ့ပြီး နောက်ပိုင်းမှာ အခုလို အရှုပ်တော်ပုံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ အငှားကိုယ်ဝန်ဆောင် အေဂျင်စီတွေကတော့ ကမ္ဘောဒီးယားဘက်ကို ၂၀၁၆ ခုနှစ်မှာ ရွှေ့ပြောင်းသွားခဲ့ ကြပါတယ်။

သိပ်ကြာသေခင် လအနည်းငယ်အကြာမှာ အငှားကိုယ်ဝန်ဆောင်တွေအပေါ် ကန့်သတ်မှုတွေ မရှိတဲ့ ကွန်မြူနစ်နိုင်ငံ လာအိုကို ထပ်ရွှေ့သွားခဲ့ပါတယ်လို့ သိရပါတယ်။

ယခုအခါ လာအို အငှားကိုယ်ဝန်ဆောင် အေဂျင်စီတချို့က သန္ဓေသားလောင်းလွဲပြောင်းမွေးဖွားတဲ့ ဝန်ဆောင်မှုတွေပေးနေပြီဖြစ်ပြီး ဆေးဝါးအထောက်အပံ့တွေကောင်းမွန်တဲ့ ထိုင်းနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်တွေအတွက် ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလျက် ရှိပါတယ်။

ဘာသာပြန် > မိုးမမ

ကိုးကား > NHK