ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ ဂူအတွင်းပိတ်မိနေသော လူငယ်ဘောလုံးသမားအဖွဲ့မှ လေးဦးကိုကယ်ထုတ်နိုင်

ဘန်ကောက် ၈ ဇူလိုင်

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူအတွင်း၌ သီတင်းနှစ်ပတ်ကြာ ပိတ်မိနေသော လူငယ်ဘောလုံးကစားသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြဖြစ်သူတို့ စုစုပေါင်း ၁၃ ဦးအနက် လေးဦးကို ဇူလိုင် ၈ ရက် တနင်္ဂနွေနေ့ညပိုင်းက ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်ဖော်ပြချက်အရ သိရသည်။

ကယ်ထုတ်နိုင်ခဲ့သော လူငယ်လေးများကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှ ဂူအနီးရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း သိရပြီး ရဟတ်ယာဉ်များဖြင့် ဂူအနီးတစ်ဝိုက် ရှာဖွေမှုများ ပြုလုပ်နေကြောင်းလည်းသိရသည်။၎င်းတို့ကို ရဟတ်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ဆိုသည်။

ပိတ်မိနေသော လူငယ်လေးများကို ကယ်တင်နိုင်ရန်အတွက် နိုင်ငံခြားသား ရေငုပ်ကျွမ်းကျင်သူ ၁၃ ဦးမှာ ဂူအတွင်းသို့ တနင်္ဂနွေနေ့ နံနက်  ၁၀ နာရီကတည်းက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ဘောလုံးကစားသမားလူငယ်လေးများနှင့် နည်းပြဖြစ်သူတို့မှာ ရေပြည့်နေသော ဂူအတွင်းမှ ရေငုပ်ပြီး ဂူပြင်သို့ရောက်ရှိရန် ထွက်လာရမည်ဖြစ်သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်း လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် အသက် ၂၅ နှစ်အရွယ် ၎င်းတို့၏ နည်းပြဖြစ်သူတို့မှာ ဇွန်လ ၂၃ ရက်ကတည်းက ချင်းရိုင်းခရိုင်အတွင်းရှိ ဂူအတွင်း ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

MDN

ကိုးကား-ဆင်ဟွာ