၁၉ ဇွန်

 

 

ထိုင်းနိုင်ငံ၏ ကားထုတ်လုပ်မှုသည် ယခုနှစ်အစောပိုင်း မေလတွင် ၆၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရမှုတို့ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရောင်းအား ကျဆင်းခြင်း ဖြစ်သည်။

 

 

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် မော်တော်ကား အများဆုံး ထုတ်လုပ်သည့် အချက်အချာကျသော နိုင်ငံ ဖြစ်သည်။

 

 

ဂျပန်မော်တော်ကား ထုတ်လုပ်သူ အများအပြားသည် ထိုင်းနိုင်ငံတွင် စက်ရုံများ တည်ထောင်ကာ ကားထုတ်လုပ်မှု လုပ်ဆောင်ကြသည်။

 

 

ထိုင်းစက်မှု လုပ်ငန်းများ အဖွဲ့သည် မေလတွင် မော်တော်ယာဉ် အစီးရေ  ၅၆၀၃၅ ထုတ်လုပ်ခဲ့သည်။

 

 

ပြီးခဲ့သည့်နှစ် မေလက ရောင်းချခဲ့သော ပြည်တွင်းကား အစီးရေ  ၄၀၄၁၈ စီးရှိရာ  ၅၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

 

မော်တော်ကား တင်ပို့မှုသည် နှစ်အလိုက် ၆၈ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းကာ ၂၉၈၉၄ စီးသို့ ကျဆင်းခဲ့သည်။

 

 

ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှု ခံခဲ့ရသော ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်  မော်တော်ယာဉ် ထုတ်လုပ်မှုမှာ အစီးရေ ၂၃၆၉၅  ဖြင့် စံချိန်တင် ကျဆင်းခဲ့သည်ဟု ထိုအဖွဲ့က ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို