ဖေဖော်ဝါရီ ၁၀

ထိုင်းနိုင်ငံတွင် လာမည့်တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ၎င်း၏အဓိကလေဆိပ်ခြောက်ခုမှတစ်ဆင့် ခရီးသွား ၄ ဒသမ ၁၁ သန်းကျော် ခရီးသွားလာမှု ရှိမည်ဟုခန့်မှန်းထားပြီး လေကြောင်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ပြန်လည် ကောင်းမွန်လာမှုကို ညွှန်ပြနေသည်ဟု Airports of Thailand Public Company Limited (AOT) ၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ နွေဦးပွဲတော်ကာလအတွင်း နိုင်ငံတကာခရီးသွား ၂ ဒသမ ၆ သန်းနှင့် ပြည်တွင်းခရီးသွား ၁ ဒသမ ၅၁ သန်း  လေကြောင်းခရီးသွားလာမှုရှိမည်ဟု မျှော်မှန်းထားပြီး စုစုပေါင်းလေကြောင်းခရီးစဉ် ၂၄၈၄၇ ခုရှိမည်ဟု AOT ဥက္ကဋ္ဌ Paweena Jariyathitipong က ယမန်နေ့က ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို