ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် ၂၀ သြဂုတ် 

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) Mr. Suchart Tonjaroen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည ၇ နာရီခွဲတွင် ထိုင်းလေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသည်။

ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

သတင်းစဉ်