ထိုင်းနိုင်ငံအလယ်ပိုင်းရှိ  မီးရှူးမီးပန်းစက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွား၊ အလုပ်သမား ၂၀ သေဆုံး

 

 

ဗန်ကောက် ဇန်နဝါရီ ၁၉

 

ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီစီရင်စုရှိ မီးရှူးမီးပန်း စက်ရုံတစ်ခု၌ ဇန်နဝါရီ ၁၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၂၀ ခန့် သေဆုံးခဲ့ကြောင်း ထိုင်းရဲအရာရှိများက ယနေ့ ပြောကြားသည်။

 

ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် စက်ရုံ၌ အလုပ်သမားများက မီးရှူးမီးပန်းများ ပြုလုပ်လျက်ရှိသည်။ စက်ရုံအဆောက်အအုံသည် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းပြီး ပျက်စီးသွားခဲ့ကြောင်း မှတ်တမ်းတင်ဗီဒီယိုဖိုင်တွင် မြင်တွေ့ရသည်။

 

၂၀၂၂ ခုနှစ်တွင်လည်း မီးရှူးမီးပန်းစက်ရုံ တစ်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ပြောကြားသည်။ ထိုင်းအာဏာပိုင်များသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပုံနှင့် စက်ရုံ၏ဘေးကင်းရေး စီမံခန့်ခွဲမှုအပေါ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်