နေပြည်တော်   ၂၈   နိုဝင်ဘာ 

 

ထိုင်းနိုင်ငံအမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်သည်။

 

အခမ်းအနားတွင်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ထိုင်းနိုင်ငံ တော်သီချင်းတို့ဖြင့် ဂုဏ်ပြုအလေးပြုကြသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စစ် ဆူဖတ်သရာ ဆီမိုင်းသရီဖိတ်တပ်တို့က ထိုင်းနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။

 

ယင်းနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မှတ်တမ်းဗီဒီယိုအား ပြသပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ထိုင်းနိုင်ငံသံအမတ်ကြီးက ထိုင်းရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံသည်။

 

ဧည့်ခံပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းခိုင်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးကျော်တင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

(သတင်းစဉ်)