ဗန်ကောက် ၂၂ ဇူလိုင် 

 

ထိုင်းနိုင်ငံမြို့တော်  ဗန်ကောက်အနောက်ဘက် နတ်ခွန်ပသွမ် ပြည်နယ်၌ လေဆိပ်သစ်တစ်ခုကို တည်ဆောက်ရန်  လေဆိပ်ဌာနအာဏာပိုင်များက  လျာထားခဲ့ကြောင်း  သိရသည်။    ဗန်ကောက်မြို့ရှိ ပင်မဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် လေဆိပ်နှစ်ခုတို့တွင် ခရီးသည်များ  ပြွတ်သိပ်ကျပ်ကျပ်ညပ်နေမှုကို လျှော့ချရန်အတွက် သုံးခုမြောက်လေဆိပ်တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အာဏာပိုင်များထံမှ သိရသည်။

 

ဘတ်ငွေ ဘီလီယံ ၂၀ ကုန်ကျမည့် အဆိုပါလေဆိပ်တည်ဆောက်မှုကို ဘန်လန်နှင့်    နတ်ခွန်ချိုင်စီခရိုင်နှစ်ခုတို့ကြားတွင် နေရာချထားမည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးရန် လေးနှစ် ခန့်ကြာမြင့်နိုင်ကြောင်း လေဆိပ်တည်ဆောက်မှုဌာန ဒုတိယအထွေထွေညွှန်ကြားရေးမှူး  ဂျာဂန်မီစွမ်ဘွန်က  ပြောကြားခဲ့သည်။

 

လေဆိပ်တည်ဆောက်ရန် လျာထားမှုကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသို့  ပေးပို့သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်တွင် ၎င်းက ပြောကြားခဲ့သည်။ ယင်းအစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံမှုမှာ အများပြည်သူနှင့် ပုဂ္ဂလိကပူးတွဲ စီးပွားဆောင်ရွက် မှုပုံစံ  သို့မဟုတ်  နိုင်ငံပိုင်စီမံကိန်းပုံစံမျိုးဖြစ်နိုင်ကြောင်း  သိရသည်။  ပုဂ္ဂလိက  စီးပွားရေးလုပ်ငန်းရှင်အုပ်စုအများအပြားက ယင်းစီမံကိန်းကို  စိတ်ပါဝင်စားမှုဖော်ပြလျက်ရှိကြောင်းကိုလည်း  မီစွမ်ဘွန်က ပြောကြားခဲ့သည်။

 

အကယ်၍ နတ်ခွန်ပသွမ်လေဆိပ်ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပြီး  လုပ်ငန်းအဆင့်များအားလုံး ပြီးဆုံးနိုင်ခဲ့ပါက နှစ်စဉ်ခရီးသည် ၂၅ သန်းနှင့်အထက်ကို စီမံ ခန့်ခွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။      

       

ဗန်ကောက်ပို့စ်