ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ စည်းမျဉ်းစည်းကမ်းများကို ဇွန်လကုန်အထိ ထပ်မံသက်တမ်းတိုး

ဘန်ကောက် ၂၂ မေ

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ စည်းမျဉ်းစည်းကမ်းများကို ထိုင်းနိုင်ငံက သောကြာနေ့က နောက်ထပ်တစ်လ ထပ်မံသက်တမ်းတိုးခဲ့သည်။

 

ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ ဉီးဆောင်သည့် ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနက (CCSA) အရေးပေါ်အခြေအနေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဇွန်လကုန်အထိ ထပ်မံသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ် ဂျာတူဆရီပီတက်က အတည်ပြုပြောကြားသည်။ အရေးပေါ်အခြေအနေဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ညမထွက်ရအမိန့်တို့ကို စောစောပိုင်းက မေလကုန်တွင် အဆုံးသတ်ရန် စီစဉ်ခဲ့သည်။

 

အစိုးရအိမ်တော်၌ ယနေ့ပြုလုပ်သည့် ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာန၏ အစည်းအဝေးတွင် ဝန်ကြီးချုပ်က အရေးပေါ်အခြအနေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထပ်မံသက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်ပူပန်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

 

သို့သော်လည်း ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသည် လက်ရှိချမှတ်ထားသည့် ၁၁ နာရီမှ နံနက် နာရီအထိ ညမထွက်ရအမိန့်ကို ၁၂ နာရီမှ နံနက် နာရီအထိ လျှော့ချခြင်း အပါအဝင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး အစီအမံများကို ထပ်မံလျှော့ချရန် မစဉ်းစားရသေးပေ။

 

ကိုးကား- ဆင်ဟွာ