၈ ဧပြီ

 

ရာသီဥတု ပျက်သုဉ်းခြင်း၊ စီးပွားဖြစ်ပုစွန်ဖမ်းခြင်း၊ ဆာလုပ်ငန်းနဲ့ အလျှင်အမြန် ကြီးမားလာသော မြို့ပြအဆောက်အအုံများ များပြားလာခြင်းကြောင့် ဓနိပင်များကို ခုတ်လှဲလာရာ ထိုင်းနိုင်ငံရဲ့ ကမ်းရိုးတန်းတွေဟာ စိုးရိမ်စရာဖြစ်လာပါတယ်။ ဒီလိုအခြေအနေကနေ ရေပေါ်ကျောင်းတိုက်ရဲ့ ဆရာတော် ဆွန်နော့ခ် ရဲ့ ကျောင်းဟာပင်လယ်ရေဝန်းရံနေတဲ့ အလယ်မှာ တည်ရှိနေခြင်းဖြစ်ပါတယ်။

 

1

 

လွန်ခဲ့တဲ့ အနှစ် ၃၀ ကစပြီး ပင်လယ်ရေ စတင်တိုက်စားလာရာ ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်ရှိ စမွတ်ချင်း တံငါရွာလေးဟာ ကုန်တွင်းပိုင်းဆီကို ရွှေ့ပြောင်းပြီး သစ်သားအိမ်များ ဆောက်လုပ်နေထိုင် နေကြပါတယ်။ အဲဒီအချိန်က ဘုန်းကြီးကျောင်းဟာ ရွာအလယ်မှာ ရှိခဲ့တဲ့ကျောင်းတိုက်ဖြစ်ပါတယ်။

 

2

 

အခုချိန်မှာတော့ ဘုန်းကြီးကျောင်းကို သွားနိုင်တဲ့ လျှောက်လမ်းလေးတစ်ခုသာ ကျန်ရှိတော့သာဖြစ်ပါတယ်။

 

ဆွန်နော့ခ် ဘုန်းတော်ကြီးကျောင်း ရေရှည်တည်တန့်နိုင်ရေးအတွက်  နိုင်ငံနဲ့အဝှမ်းမှာ လာရောက်သော လုပ်အားပေးများက ရင်ခေါင်းအထိရေတက်နေတဲ့ ရေထဲမှာ ဓနိပင်များကို စိုက်ပျိုးနေပါတယ်။ ဓနိပင်များ ပြန်လည်စိုက်ပျိုးနေတဲ့ စီမံကိန်းကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့ရာ အခုချိန်မှာ ဓနိပင်ဧက ၈၄ ဧက စိုက်ပျိုးပြီးပြီဖြစ်ပါတယ်။

 

အခုလို ဓနိပင်များ ပြန်လည်စိုက်ပျိုးနေတဲ့ ရေပေါ်ကျောင်းဟာ ခရီးသွားတွေရဲ့အာရုံကို ဖမ်းစားရာနေရာ တစ်ခုဖြစ်နေပါတယ်။ ဆရာတော် ဆွန်နော့ခ်ကတော့ ကမ်းပါးပြိုခြင်းက ရပ်တန့်သွားပြီး ကမ်းရိုးတန်းပြန်လည်ဖြစ်ထွန်းနေတဲ့အတွက် သူ့ရဲ့ကျောင်းလေးဟာ ကုန်းပေါ်မှာ ပြန်လည်ရောက်ရှိလာဖို့ မျှော်လင့်ချက် ရောင်ခြည်လေးရှိနေကြောင်း AFP မှာ ရေးသားထားပါတယ်။

 

MDN

AFP