တာချီလိတ်   ဒီဇင်ဘာ   ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ၁၉၃ ဦးကို တာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)တွင် လက်ခံခဲ့ကြသည်။

 

မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး ၂၈ ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံရပြီး ပြန်လည်လွတ်မြောက်လာ​သော အမျိုးသား၊ အမျိုးသမီး ၁၆၅ ဦးကို တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက ကြိုဆိုလက်ခံကြသည်။

 

၎င်းနေရပ်ပြန် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်၍ ရောဂါပိုး တွေ့ရှိသူများကို သီးသန့်ထားရှိကာ ဆေးကုသမှု ပေးသွားမည်ဖြစ်ပြီး ရောဂါပိုး မတွေ့သူများကို ဝမ်လုံး Quarantine Centre တွင်ထားရှိ၍ သုံးရက်​မြောက် နေ့နှင့် ခုနစ်ရက်မြောက်နေ့တို့တွင် နှာခေါင်နှင့် အာခေါင်တို့ဖတ် နှစ်ကြိမ် ထပ်မံရယူစစ်ဆေးကာ ရောဂါပိုး ကင်းစင်သူများကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန် ပြည်သူများကို လူကုန်ကူးမှု တိုက်ဖျက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က လူကုန်ကူးမှုအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကို လည်းကောင်း၊ ကြက်ခြေနီအဖွဲ့ဝင်များက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အသိပညာပေးစာစောင်များကို လည်းကောင်း ဖြန့်ဝေပေးခဲ့ ကြသည်။

 

ယာဆေး(ပြန်/ဆက်)