မြဝတီ စက်တင်ဘာ ၆

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ၁၉၈ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

 

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများအား ယခင်က မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်မှ နေရပ် ပြန်များကိုသာ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးရာမှ ယခုအခါ ပြန်လာသူအားလုံးကို စစ်ဆေးပေးလျက်ရှိပြီး ရောဂါပိုးရှိသူများကို မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာနှင့် ရွှေမြဝတီကိုဗစ်စင်တာတို့တွင် ကုသမှုခံယူစေမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ထို့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ နေရပ်ပြန်များအား သီးသန့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာနေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ယနေ့ ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး မှ အမျိုးသား ၁၀၈ ဦး၊ အမျိုးသမီး ၉၀ ဦး စုစုပေါင်း ၂၉၈ ဦးရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်