မြဝတီ  ၂၁  ဇွန်

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၆၄၂ ဦးသည် ယနေ့တွင် မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်ရယူကာ ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန် အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်တွင် ၆၀ ဦး၊ ၂ ရက်တွင် ၅၄ ဦး၊ ၃ ရက်တွင် ၁ ဦး၊ ၄ ရက်တွင် ၄၄ ဦး၊ ၅ ရက်တွင် ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ ၈ ရက်တွင် ၁၀၀ ဦး၊ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ မေ ၁၁ ရက်တွင် ၁၃ ဦး၊ မေ ၁၂ ရက်တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက်တွင် ၃၈ ဦး၊ မေ ၁၅ ရက်တွင် ၁၂၀ ဦး၊ မေ ၁၆ ရက်တွင် ၇၆ ဦး၊ မေ ၁၇ ရက်တွင် ၉၀ ဦး၊ ၁၈ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၉ ရက်တွင် ၆၄ ဦး၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဝင်ရောက်ခြင်းမရှိဘဲ ၂၂ ရက်တွင် ၃၆ ဦး၊ မေ ၂၃ ရက်တွင် ၆၀၄ ဦး၊ မေ ၂၄ ရက်တွင် ၁၁၁၈ ဦး၊ မေ ၂၅ ရက်တွင် ၁၂၇၇ ဦး၊ မေ ၂၆ ရက်တွင် ၁၃၉၄ ဦး၊ မေ ၂၇ ရက်တွင် ၁၄၃၄ ဦး၊ မေ ၂၈ ရက်တွင် ၁၁၆၈ ဦး၊ မေ ၂၉ ရက်တွင် ၁၂၀၂ ဦး၊ မေ ၃၀ ရက်တွင် ၁၁၅၂ ဦး၊ မေ ၃၁ ရက်တွင် ၁၅၁၁ ဦး၊ ဇွန် ၁ ရက်တွင် ၁၀၄၃ ဦး၊ ဇွန် ၂ ရက်တွင် ၁၅၁၇ ဦး၊ ဇွန် ၃ ရက်တွင် ၁၅၄၇ ဦး၊ ဇွန် ၄ ရက်တွင် ၁၂၀၄ ဦး၊ ဇွန် ၅ ရက်တွင် ၁၁၉၀ ဦး၊ ဇွန် ၆ ရက်တွင် ၁၇၈၄ ဦး၊ ဇွန် ၇ ရက်တွင် ၁၆၃၅ ဦး၊ ဇွန် ၈ ရက်တွင် ၉၄၆ ဦး၊ ဇွန် ၉ ရက်တွင် ၁၀၉၄ ဦး၊ ဇွန် ၁၀ ရက်တွင် ၉၉၄ ဦး၊ ဇွန် ၁၁ ရက်တွင် ၆၇၀ ဦး၊ ဇွန် ၁၂ ရက်တွင် ၈၂၃ ဦး၊ ဇွန် ၁၃ ရက်တွင် ၇၇၅ ဦး၊ ဇွန် ၁၄ ရက်တွင် ၆၀၀ ဦး၊ ဇွန် ၁၅ ရက်တွင် ၅၀၆ ဦး၊ ဇွန် ၁၆ ရက်တွင် ၆၄၄ ဦး၊ ဇွန် ၁၇ ရက်တွင် ၈၇၇ ဦး၊ ဇွန် ၁၈ ရက်တွင် ၆၉၈ ဦး၊ ဇွန် ၁၉ ရက်တွင် ၄၉၄ ဦး၊ ဇွန် ၂၀ ရက်တွင် ၆၅၇ ဦးနှင့် ဇွန် ၂၁ (ယနေ့)တွင် ၆၄၂ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၃၂၀၂၀ ဦးထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၃၈၈ ဦး၊ အမျိုးသမီး ၂၅၄ ဦး စုစုပေါင်း ၆၄၂ ဦးဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)