တာချီလိတ် ၂၉ မေ
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာ နိုင်ငံသား ၄၇ ဦးနှင့် ပြစ်ဒဏ်စေ့ ၂၈ ဦး၊စုစုပေါင်း ၇၅ ဦးသည် မေ ၂၉ ရက် နံနက်၁၀ နာရီအချိန် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၂) မှ ပြန်လည်ဝင်ရောက်ခဲ့သည်။
ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများအား ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ပြီး နေရပ်ပြန်များနှင့် ပြစ်ဒဏ်စေ့၍ ပြန်လည်လွဲပြောင်းပေးလာသူအားလုံးကို Facility Quarantine ဝင်နိုင်ရန်အတွက် မိုးကုတ်ဝိပသာနာ တရားရိပ်သာစခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ရှိ/မရှိ စစ်ဆေးပြီးချိန်ထိ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ပြန်လည်ဝင်ရောက်လာကြသူ အားလုံးကို နှာခေါင်းနှင့် အာခေါင်တို့ဖတ် ချက်ချင်းရယူပြီး အဖြေကို အမြန်ဆုံးသိရှိနိုင်ရန် ပို့ဆောင်သွားမည် ဖြစ်ကြောင်း၊ ရောဂါပိုးမရှိပါက ချက်ချင်းနေရပ်သို့ ပြန်လည်စေလွတ်မည်ဖြစ်ပြီး မိမိအရပ်ဒေသတွင် Facility Quarantine ဆက်လက်နေထိုင် ရမည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းထံမှ သိရှိရသည်။
ဆက်လက်၍ ယနေ့ ပြန်လည်ဝင်ရောက်လာ သူများထဲတွင် သံသယဖြစ်ဖွယ် လူနာမတွေ့ရှိရကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


