တာချီလိတ်  ၃၁  ဇန်နဝါရီ

 

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး  မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာ သည့် မြန်မာနိုင်ငံသားများကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု မရှိစေရေး အတွက် တိုင်းတာစစ်ဆေးပြီးမှ စိစစ်လက်ခံခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ မယ်ဆိုင်လဝကမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က  မြန်မာနိုင်ငံသား အမျိုးသား(၆)ဦး နှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦးအား လာရောက်လွှဲပြောင်းလာရာ လဝက၊ ထွေအုပ်၊ လူကုန်တား နှင့် CNCMCမှ စိစစ်လက်ခံပေးခဲ့ကြပြီး ကျန်းမာရေးဌာနကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမရှိစေရေးအတွက် စစ်ဆေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၁)ဦးတွင် ချင်းပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၄)ဦး နှင့် မန္တလေးတိုင်းဒေသကြီးမှ (၁)ဦးအပြင် ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး ပါဝင်ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)