မြဝတီ ၂၄ ဧပြီ
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်ကစပြီး လက်ခံခဲ့ရာ ယနေ့ မေ ၂၄ နေ့ရက်တွင်လည်း မြဝတီမြို့အမှတ် ၂ ချစ်ကြည်ရေးတံတား၌ ပြန်လည်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါပြန်လည်ဝင်ရောက်လာသူများအား ဖြူစင်စေတနာလူမူရေးအဖွဲ့မှ မေ ၂၃ ရက်နေ့ကစပြီး မြဝတီမြို့အမှတ် ၂ ချစ်ကြည်ရေးတံတား၌ တစ်ကိုယ်ရေသုံးပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါထောက်ပံ့မှုကို ဖြူစင်စေတနာလူမူရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဇော်ဝင်းက “အဓိကတော့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး တုန့်ပြန်ဆောင်ရွက်မှုအစီအစဉ်ဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို လာရောက် ကူညီတာဖြစ်တယ်။ ဒီလိုထောက်ပံ့မှုကို မေလ ၂၃ ရက်နေ့ကစပြီး တစ်ကိုယ်ရေသုံးပစ္စည်းများ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ လက်သည်းညှပ်တို့ပါတယ်၊ အားလုံးပေါင်း ၂၂၇၅ လောက်ရှိတယ်၊ နောက်တစ်ခုကတော့ quarantine centre တွေမှာ လိုအပ်တဲ့အကာအကွယ်ပစ္စည်းတွေ၊PPE ဝတ်စုံ ၁၀ဝ၀ ရှိတယ်၊ ပြီးတော့လက်အိတ်၊ Mask တို့ပါပြီး လိုအပ်တဲ့ quarantine centre တွေမှာ ပေးပို့ထားပါတယ်။ နောက်တစ်ခုက ပြန်လာတဲ့သူတွေထဲမှ ချို့တဲ့တဲ့ ပြည်တော်ပြန်တွေ ညီကိုမောင်နှမတွေအတွက် ဖိနပ်မပါ ဘာမပါနဲ့ ပြန်လာတဲ့သူတွေကို ငွေကြေးထောက်ပံမှုအစီအစဉ်နဲ့ မြဝတီမှာဆိုရင် ၂၀၈ ဦး၊၂၄၅ ဦးက လေးကေ့ကော်ဆိုပြီးတော့ တစ်ယောက်ကို ကျပ်ငါးသောင်းနှုန်းနဲ့ ငွေကြေးထောက်ပံ့မှုကိစ္စတွေ ဆောင်ရွက်ပါတယ်။ မနေ့ကဆိုရင် ရွှေမြဝတီမှာ quarantine ဝင်နေတဲ့ အမှန်တကယ်ချို့တဲ့ပြီး လိုအပ်တဲ့လူတွေ အတွက်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒီနေ့လည်း အဲ့တာကို သက်ဆိုင်တဲ့ quarantine center မှ တာဝန်ခံတွေ စိစစ်ပြီးတော့ အမှန်တကယ်ချို့တဲ့တဲ့ လိုအပ်တဲ့ လူတွေ၊ တချို့က ကိုယ်ဝန်ပါလာတာတွေ ရှိတယ်၊ ကလေးငယ်လေးတွေ ပါလာတာတွေရှိတယ်၊ အမျိုးသမီးတွေကို ဦးစားပေးပြီးတော့ တစ်ယောက်ကို ငါးသောင်းနှုန်းနဲ့ငွေကြေး ထောက်ပံ့မှုအစီအစဉ်လေး လုပ်ပေးနေပါတယ်လို့” ပြောကြားခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)


