မိုင်းဖြတ် ၉ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် တာချီလိတ်သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၂၂၆ ဦးသည် ဇူလိုင်၈ရက် ည ၁၁ နာရီ ၄၅ မိနစ်က မိုင်းဖြတ်မြို့သို့ ရောက်ရှိလာပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကျိုင်းတုံ-မိုင်းဖြတ်-မိုင်းယောင်းသွား လမ်းဆုံတွင် သွားရောက်ကြိိုဆိုခဲ့ကြပြီး မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာရောက်ရှိ နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး တာချီလိတ်မှတစ်ဆင့် မိုင်းဖြတ်ဖြတ်သို့ မော်တော်ယာဉ် ၁၅ စီးဖြင့် နေရပ်ပြန်ပြည်သူ ၂၂၆ဦးလိုက်ပါလာပြီး မိုင်းဖြတ်မြို့တွင် ၄ ဦးဆင်းနေခဲ့သည်။ ဆက်လက်ပြီး မိုင်းယောင်းမြို့သို့ ထွက်ခွာမည့် နေရပ်ပြန်ပြည်သူ ၁၁ ဦးကို ရွှေမိုင်းယောင်း မော်တော်ယာဉ်ဖြင့် တစ်ဆင့် ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသည့် နေရပ်ပြန်ပြည်သူ ၂၂၁ဦးကို မိုင်းဖြတ်မြို့မ ရဲစခန်းမှ ဒုတိယစခန်းမှူး လွှမ်းမိုးထွန်း ဦးဆောင်မှုဖြင့် ည ၁၂နာရီတွင် ကျိုင်းတုံမြို့သို့ မော်တော်ယာဉ် ၁၅စီးဖြင့် ဆက်လက်ထွက်ခွာသွားခဲ့သည်။
မိုင်းဖြတ်မြို့တွင် ဆင်းခဲ့သည့် နေရပ်ပြန်ပြည်သူ ၄ ဦးအနက် ၃ ဦးမှာ နားလီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် ၁ ဦးမှာ ဝမ်လုံးကျေးရွာဘုန်းကြီးကျောင်းတို့တွင် Facility Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


