ထိုင်းနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ စတင်

ဗန်ကောက် ၂၅ မတ် 

 

ထိုင်းနိုင်ငံရှိ ကျောင်းဝင်းများ၊ ဘုရားကျောင်းများနှင့် အစိုးရရုံးများတွင် မတ် ၂၄ ရက်က မဲပေးပွဲစတင်နေပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး ပထမဦးဆုံးအကြိမ် မဲပေးပွဲကျင်းပခြင်းလည်းဖြစ်သည်။  ရုပ်သံဌာနများကလည်း  ဘုရင်မဟာဗာဂျီရာ လောင်ကွန်း၏ မိန့်ခွန်းကို ထပ်ခါထပ်ခါဖော်ပြခဲ့သည်။ မဲဆန္ဒရှင်ပေါင်း ၅၁ သန်းရှိပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား လူငယ်များမှာ လူပေါင်း ခုနစ်သန်းကျော်ရှိသည်။

 

ထိုင်းနိုင်ငံကို ဒီမိုကရေစီကျပြီး မမျှတမှုများ ပပျောက်စေလိုကြောင်း  အာမခံကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော    အလုပ်သမားတစ်ဦးဖြစ်သူ  ပက်ထရာပေါင်ဝစ်ချစ်ရာပေါင်က  မဲလာပေးစဉ်အတွင်း   ပြောကြားခဲ့သည်။ နန်းတော်၏ ထုတ်ပြန်ကြေညာမှု၌ ယခုတစ်ကြိမ်ရွေးကောက်ပွဲသည်     မကြုံစဖူးရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း  ကြေညာခဲ့သည်။

 

အေအက်ဖ်ပီ