ဗန်ကောက်၊ ဩဂုတ် ၂၆

 

ထိုင်းနိုင်ငံ ပတ်ချွန်းခရိုင်ရှိ ဆောက်လုပ်ဆဲ မြေအောက်မြန်နှုန်းမြင့် ရထားလမ်းဥမင်သည် ဩဂုတ် ၂၄ ရက် ညပိုင်းက ပြိုကျခဲ့ရာ ဥမင်အတွင်း၌ ပိတ်မိနေသည့်  လုပ်သားသုံးဦးအား ကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်သားများက ဆောင်ရွက်နေကြောင်း ယနေ့ဗန်ကောက်ပို့စ်သတင်းစာ သတင်းအရ သိရသည်။

 

ယနေ့ နံနက် ၄ နာရီတွင် ပုံရိပ်ဖမ်းကိရိယာက ပိတ်မိနေသည့် လုပ်သားများ၏ အသက်ရှူသံကို ဖမ်းယူရရှိခဲ့သည်။ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်သားများက မြေတူးစက်အသုံးပြုကာ ဥမင်အတွင်း ပိတ်ဆို့နေသည့် သဲနှင့်ကျောက်များအား ဖယ်ရှားနေပြီး ပိတ်မိနေသည့် လုပ်သားများအား ကယ်ဆယ်နိုင်ရန် ကြိုးပမ်းနေသည်။

 

ပိတ်မိနေသူများတွင် တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်သူတစ်ဦး၊ တရုတ်နိုင်ငံသား မြေတူးစက်မောင်းနှင်သူတစ်ဦးနှင့် မြန်မာနိုင်ငံသား ထရပ်ကားမောင်းနှင်သူ တစ်ဦးတို့ပါဝင်သည်။ ပြိုကျခဲ့သော နေရာသည် ဥမင်၏ဝင်ပေါက်နှင့် လေးကီလိုမီတာခန့် အကွာတွင်တည်ရှိပြီး ကယ်ဆယ်ရေးလုပ်သားများက တွင်းတူးစက်များအသုံးပြုကာ ပြိုကျသွားသည့််နေရာသို့ သွားရောက် ကယ်ဆယ်နိုင်ရေး ဆောင်ရွက်နေသည်။

 

တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထားလမ်း၏ ဗန်ကောက်နှင့် နခွန်ရတ်ချ်စီမာကြား ရထားလမ်းပိုင်းကို ထိုင်းအစိုးရက တာဝန်ယူတည်ဆောက် နေခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ပြီးစီးရေးရည်မှန်းထားသည်။

 

ကိုးကား-ဗန်ကောက်ပို့စ်၊

ဘာသာပြန်-စိုးသူရ