ဘန်ကောက် ဇူလိုင် ၂၆

ထိုင်းနိုင်ငံ၌ ဇူလိုင် ၂၅ ရက်က ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၁၅ဝဝဝ ကျော် တွေ့ရှိခဲ့ပြီး ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ နေ့စဉ်ကူးစက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် ၁၅ဝဝဝ ကျော်လွန် ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းနေ့စဉ်ကူးစက်မှု မှာ ၁၀၀၀၀ အထိ ရှိခဲ့သည်။ နေ့စဉ်ကူးစက်မှုမှာ ၁၅၃၃၅ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူ ၁၂၉ ဦး ရှိခဲ့သည်။ အခြားသော အရှေ့တောင်အာရှနိုင်ငံ များကဲ့သို့ပင် ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်မှုမှာ ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကြောင့် ပိုမိုများပြား လာခဲ့သည်။

မြို့တော်အနီးတစ်ဝိုက်ရှိ ဆေးရုံများတွင် လူနာ များနှင့် ပြည့်နှက်နေပြီး အချို့သောလူများမှာ ရောဂါ ကူးစက်ခံရပြီးနောက် နေအိမ်၌ပင် သေဆုံးခဲ့ကြရသည်။ ကနဦးတွင် ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည်။

သို့သော်လည်း ယခုနှစ် ဧပြီလမှစတင်ကာ ကူးစက်မှုများ တဖြည်းဖြည်း များပြားလာခဲ့သည်။ ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်မှာလည်း အခက်အခဲများရှိပြီး လူဦးရေ ၂၀ ရာခိုင်နှုန်းကိုသာ ပထမအကြိမ် ကာကွယ်ဆေးထိုးပေးရသေးသည်။

ကျိုဒို