ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု  လျော့ကျလာသည့်အတွက် နှစ်နှစ်ကျော်ကာလအတွင်း  စာသင်ကျောင်းများ ပထမဆုံးပြန်လည်ဖွင့်လှစ်

ဗန်ကောက်   မေ    ၁၈

ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျလာသည့်အတွက် နှစ်နှစ် ကျော်ကာလအတွင်း စာသင်ကျောင်းများကို ပထမဆုံးအကြိမ်ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတစ်ဝန်းရှိ ကျောင်းသားများအားလုံးသည် မေ ၁၇ ရက်တွင် လူကိုယ်တိုင် အတန်းတက်ခြင်းဖြင့် စာသင်နှစ်ကို စတင်ခဲ့ကြောင်းလည်း သိရသည်။ 
ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စာသင်ကျောင်း အများစုကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးခဲ့ပြီး  အွန်လိုင်းမှ   သင်ယူရခြင်းကို နှစ်သက်သည့်  ကျောင်းသားများအတွက်လည်း  အွန်လိုင်းမှတစ်ဆင့်  ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အနာဂတ်ကာလတွင် ကူးစက်မှုများရှိနေမည်ဆိုလျှင်လည်း စာသင်ကျောင်း များကို ပိတ်သွားမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ပြောကြား သည်။ ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်ကျော်ကာလအတွင်းက နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်သည် တစ်သောင်းအောက်လျော့ကျခဲ့ ကြောင်း သိရသည်။  
       
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အလင်းသစ်