ရန်ကုန် ၁၈ ဇွန်

ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဇွန်၂၀ ရက်မှ၂၃ရက်အထိ       ကျင်းပမည့် အရှေ့တောင်အာရှသက်ငယ်တန်းနှင့် သက်ကြီးတန်း အနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ (2019 Southeast Asian Rowing and Canoeing Championship)သို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

 

4642

 

အဆိုပါပြိုင်ပွဲ၌ မြန်မာအသင်းသည် အမျိုးသားတွင် LM1X, LM2X,M2- ပြိုင်ပွဲများ အမျိုးသမီးပြိုင်ပွဲ၌ LW1X,  LW2X, W2 တို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲ၌ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊  စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
  
မြန်မာလှေလှော်အားကစားအဖွဲ့မှ အသင်းအုပ်ချုပ်သူ ဦးခင်မောင်မြင့်၊ နည်းပြချုပ် ဦးကျော်ဝင်း၊ အင်္ဂလန်နှင့် ဟန်ဂေရီနည်းပြများနှင့် အားကစားသမား ၁၅ ဦးတို့သည် ယနေ့ ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အာကာစိုး