ဘန်ကောက် ဇန်နဝါရီ ၁၇
ထိုင်းနိုင်ငံ အလယ်ပိုင်း ဆူဖန်ဘူရီပြည်နယ်၌ ဇန်နဝါရီ ၁၇ ရက်က မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲ မှုကြောင့် လူပေါင်း ဒါဇင်ကျော် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
ဒေသတွင်းသတင်းစာများဖြစ်ကြသည့် Thairath နှင့် Khao-sod တို့က အဆိုပါ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးကြောင်း ဖော်ပြထားသည်။ စပါးစိုက်ခင်းများအနီး အခင်း ဖြစ်ပွားရာနေရာ၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးခိုးလုံးများ တလိပ်လိပ်လွင့်တက်နေသည့် ဓာတ်ပုံများကို ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။
ဆင်ဟွာ