ဘန်ကောက် ဇူလိုင် ၃၀
ထိုင်းနိုင်ငံတောင်ပိုင်းရှိ မီးရှူးမီးပန်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားရာ ကလေးငယ်များအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ တောင်ပိုင်းပြည်နယ် နာရာသီ ဝပ်တွင် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်စဉ်ကို ရိုက်ကူးထားသည့် မှတ်တမ်းအရ မီးခိုးငွေ့များ ကောင်းကင်ယံတွင် လွင့်တက်လာသည်ကို တွေ့မြင်ရသည်။ ပတ်ဝန်းကျင် ဧရိယာရှိ အဆောက်အအုံများ ပျက်စီးသွား သည်ကိုလည်း ဗီဒီယိုမှတ်တမ်းတွင် တွေ့မြင်နိုင် သည်။
နေအိမ်ပေါင်း ၁၀၀ ဝန်းကျင် ပျက်စီးခဲ့ရသည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိနိုင်သေးကြောင်း အာဏာပိုင်များက ပြောသည်။ ကယ်ဆယ်ရေးလုပ်ငန်းများမှာ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။ မီးရှူးမီးပန်းသိုလှောင်ရုံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွင် ဂဟေ ဆော်မှုလုပ်ကိုင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားရခြင်း လည်းဖြစ်နိုင်ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ