ထိုင်းနိုင်ငံ၌ ရောဂါကူးစက်ခံရသူ ၂၇၅၆၀ ထပ်မံတွေ့ရှိ

ဗန်ကောက်   မတ်  ၃၁

 

ထိုင်းနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၅၆၀ ထပ်မံစစ်ဆေး တွေ့ရှိရာ ရောဂါကူးစက်ခံရသူ ပေါင်း ၃၆၂၈၃၄၇ ဦးအထိ ရှိလာကြောင်း သိရသည်။

 

နိုင်ငံ၏ နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဧပြီ ၁ ရက်မှစပြီး ပြန်လည်ဖြေလျှော့ရန် စီစဉ်လျက်ရှိစဉ် နေ့စဉ် ကူးစက်မှုနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်း ရပ်စ်ကူးစက်မှုများကြောင့် ရောဂါကူးစက် ခံရသူအရေအတွက် မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့်  နေ့စဉ်ကူးစက်မှုအရေ အတွက် ၂၀၀၀၀ ကျော်အထိ စစ်ဆေးတွေ့ရှိခဲ့သည်မှာ ရက်သတ္တနှစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း  ကိုဗစ်-၁၉ ရောဂါ အခြေအနေစီမံခန့်ခွဲမှုစင်တာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုကြောင့် ၈၅ ဦး သေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့်သေဆုံး သူပေါင်း ၂၅၁၃၀ ရှိလာပြီဖြစ်သည်။

 

မကြာမီကျင်းပမည့် ဆောင်ကရန် အားလပ်ရက်တွင် ဗိုင်းရပ်စ်ကူးစက်မှုများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည့်အတွက် ရောဂါထိန်းချုပ် ကာကွယ်ရေး စည်းမျဉ်းများကို  လိုက်နာကြရန် ပြည်သူများအား ကျန်းမာရေးအာဏာပိုင်များက တိုက်တွန်း ပြောကြားသည်။

 

ထိုင်းနိုင်ငံသို့ လာရောက်သည့် နိုင်ငံ ခြားသား ခရီးသွားများသည် ၎င်းတို့ ပြန်လည်မထွက်ခွာမီ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ကျန်းမာရေး သက်သေခံလက်မှတ်များကို ဧပြီ ၁ ရက်မှစပြီး ပြသရန် မလိုအပ်တော့ကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၁၂၉ သန်း ကျော် ထိုးနှံပေးပြီးဖြစ်ရာ   နိုင်ငံလူဦးရေ၏ ၇၂ ဒသမ ၃ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှုခံယူပြီး ဖြစ်၍   ၃၃ ဒသမ ၉ ရာခိုင်နှုန်းသည် ထပ်ဆောင်းကာကွယ်ဆေး (သုံးကြိမ်) ထိုးနှံမှုခံယူပြီးဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်