ဗန်ကောက် မေ ၂၄

 

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန်းပြည်နယ်တွင် မေ ၂၄ ရက်က ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစ်စင်းပျက်ကျမှု ဖြစ်ပွားရာ သုံးဦး သေဆုံးကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

 

ဘဲလ် ၂၁၂ အမည်ရှိ အဆိုပါရဟတ်ယာဉ်သည် လေ့ကျင့်ပျံသန်းမှု ပြုလုပ်နေစဉ်အတွင်း ဝင်းဂ်-၅ လေတပ် အခြေစိုက်စခန်းအနီး၌ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 

ဆင်ဟွာ