ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ တစ်သန်းကျော်ရှိ

ကော့သောင်းကုန်သွယ်ရေးစခန်းမှ     ထိုင်းနိုင်ငံသို့    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် ၁၅၀၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၀ သန်းနှင့် သွင်းကုန် တန်ချိန် ၆၂၊  တန်ဖိုးအမေရိကန်ဒေါ်လာ ၀ ဒသမ  ၀၄၈ သန်း တင်ပို့/တင်သွင်းခဲ့ပြီး ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁ ဒသမ ၃၁၈  သန်းဖြစ်ပါသည်။

အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း ၁၀ မျိုးမှာ ဆီအုန်း တစ်တန် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၁  ဖြင့် တန်ချိန် ၂၈၀ ဒသမ ၀၀ အတွက် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၀၀၀ ဒသမ ၀၀၊ ပုစွန် တစ်တန် အမေရိကန်ဒေါ်လာဈေးနှုန်း ၅၂၀၀  ဖြင့် တန်ချိန်  ၂ ဒသမ ၂၈၀  အတွက်    တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၁၈၅၆ ဒသမ ၀၀၊ ငါးဇင်းပြားတစ်တန်စျေးနှုန်း အမေရိကန်ဒေါ်လာ ၇၁၀  ဖြင့် တန်ချိန်  ၁၈ ဒသမ ၁၆၀ အတွက် တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၂၈၉၃ ဒသမ ၆၀၊ ဘေးဝါတစ်တန် စျေးနှုန်း အမေရိကန်ဒေါ်လာ ၇၉၀  ဖြင့် တန်ချိန် ၃၇ ဒသမ ၂၁၀ အတွက် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၉၃၉၅ ဒသမ ၉၀၊ ငါးဝိုင်းတစ်တန် စျေးနှုန်း အမေရိကန်ဒေါ်လာ  ၈၈၀  ဖြင့် တန်ချိန် ၂၀ ဒသမ ၈၈၀ အတွက် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၈၃၇၄ ဒသမ ၄၀၊ ကဗျက်တစ်တန် စျေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၈၀ ဖြင့် တန်ချိန် ၃၂ ဒသမ ၇၉၀ အတွက် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၅၄၁၃ ဒသမ ၂၀၊ ငါးခွေးလျှာ တစ်တန် စျေးနှုန်း အမေရိကန်ဒေါ်လာ  ၁၁၂၀   ဖြင့် တန်ချိန် ၈ ဒသမ ၃၂၀  အတွက်   တန်ဖိုး အမေရိကန်ဒေါ်လာ  ၉၃၁၈ ဒသမ ၄၊ ကြိမ်မွေ့တောင်းတစ်တန် စျေးနှုန်း အမေရိကန်ဒေါ်လာ  ၁၅၆၀ ဖြင့် တန်ချိန် ၄ ဒသမ ၂၄၀  အတွက် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၆၁၄ ဒသမ ၄၀၊ ငါးမဲလုံး တစ်တန် စျေးနှုန်း  အမေရိကန်ဒေါ်လာ  ၁၁၉၀  ဖြင့် တန်ချိန် ၂၉ ဒသမ ၁၁၅  အတွက် တန်ဖိုးအမေရိကန်ဒေါ်လာ  ၃၄၆၄၆ ဒသမ ၈၅ နှင့် ပလာတူးငါး တစ်တန် စျေးနှုန်း အမေရိကန်ဒေါ်လာ ၉၈၀  ဖြင့်   တန်ချိန် ၂၁ ဒသမ ၈၉၅   အတွက်  တန်ဖိုး အမေရိကန်ဒေါ်လာ  ၂၁၄၅၇ ဒသမ ၁၀ တို့ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းမှာ ပီလောပီနံမှုန့် တစ်တန်ဈေးနှုန်း အမေရိကန်ဒေါ်လာ  ၄၆၆ ဒသမ ၆၆ ဖြင့် တန်ချိန်  ၁၅  တန်အတွက် တန်ဖိုး အမေရိကန်ဒေါ်လာ  ၇၀၀၀၊ ဓာတ်မြေဩဇာ တစ်တန်ဈေးနှုန်း   အမေရိကန်ဒေါ်လာ ၈၈၄ ဒသမ ၆၁   ဖြင့် တန်ချိန်  ၂၆ တန်အတွက် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၀၀၀၊ ပလတ်စတစ်ပိုက် အမျိုးမျိုးတစ်တန်ဈေးနှုန်း အမေရိကန်ဒေါ်လာ  ၈၅၇ ဒသမ ၁၄ ဖြင့် တန်ချိန် ၂၁ တန်အတွက် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၀၀၀ ဖြစ်သည်။

၂၅-၁၀-၂၀၂၃ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် တစ်သိန်းလျှင် ၁၁၀၄ ဒသမ ၉၀  ဘတ်၊ တစ်ဘတ်လျှင် မြန်မာငွေ ၉၀ ဒသမ ၅ ကျပ်ခန့်ဖြစ်ကြောင်း သိရှိရသည်။

စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၁၂၆၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန်လျှင် ၁၂၆၀၀  ကျပ်ဖြစ်ကြောင်းသိရှိရသည်။

(DOT ကော့သောင်း)