ထိုင်းနိုင်ငံထွက်(ယိုးဒယား)သရက်သီးများ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာ

ပခုက္ကူ  ၂၆   ဇန်နဝါရီ  

ထိုင်းနိုင်ငံထွက် (ယိုးဒယား)သရက်သီးများ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁)၊မြို့ မဈေးကြီးသို့ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်ကြောင်း သရက်ချဉ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင် သည့် ဒေါ်ကေသီထံက သိရသည်။

ထိုင်းနိုင်ငံထွက်(ယိုးဒယားသရက်)ဒေသအခေါ် သရက်သီးများတစ်နှစ်ပတ်လုံးဝင်ရောက်လျက် ရှိရာ ယခုအခါ သရက်သီးများ များပြားစွာ ဝင်ရောက်လာကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဒေသမျိုး ရင်းသရက်ပင်များဖူးပွင့်ချိန်ရောက်မှ သရက်သီးဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရကာ ခြောက်ပိဿအိပ်တစ်အိတ်လျှင် လေးထောင်ကျပ်ပေးဝယ်ရကြောင်း၊ နွေရာသီက ခြောက်ပိဿာအိတ် တစ်အိတ်လျှင် ရှစ်ထောင်ကျပ်ထိပေးဝယ်ကာ သရက်သီးအသစ်မပြတ်စေရန်ဝယ်ယူကာ သရက်သီး ပေါက်စိတ်လုပ်ရောင်းချခဲ့ကြောင်း သိရသည်။

 သရက်သီးပေါက်စိတ် တစ်ပိဿာလျှင် တစ်ထောင့်ငါးရာ ကျပ်ဖြင့်ပြန်လည်ရောင်းချရကြောင်း သရက်သီးပေါက်စိတ်များအား ဆားတစ်မျိုးထဲဖြင့်သာ ရောမွှေပြီးပြန်လည်ရောင်းချကြောင်း ဒေါ်ကေသီက ရှင်းပြသည်။

မြန်မာ့ဒေသမျိုးရင်း သရက်များပေါ်ချိန်တွင် ပေါ်ဦးပေါ်စသာ ဈေးရရှိပြီး သရက်မျိုးစုံလှိုင်လှိုင် ပေါ်ချိန် သရက်သီးတစ်တင်း နှစ်ထောင်ကျပ်မှ နှစ်ထောင်ငါးရာကျပ်သာဈေးရှိတတ်ကြောင်း သရက်မျိုးစုံ လှိုင်လှိုင်ပေါ်ချိန် စဉ့်အိုးများဖြင့် လှောင်သိပ်ခြင်း၊ သစ်သားသေတ္တာများ အတွင်း ပလတ်စတစ် ခံသိပ်ခြင်း၊ ဖက်ကြမ်းဆေးလပ်ပိုများဖြင့် လှောင်သိပ်ထားကြကာ သရက်သီးအစိမ်း ရှားပါးချိန်မှစတင်ကာ လှောင်သိပ်ထားသည့် သရက်ချဉ်များအား စတင်ရောင်းချရကြောင်း စတင်ရောင်းချချိန် က တစ်ပိဿာ တစ်ထောင်နှစ်ရာကျပ်မှ ယခုအခါ သရက်လှောင်သရက်ချဉ်(အဟောင်း)တစ်ပိဿာ နှစ် ထောင်ကျပ်ဖြစ်နေကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)