ဘန်ကောက်  ဒီဇင်ဘာ  ၂၇

ထိုင်းနိုင်ငံတောင်ပိုင်းတွင်  လျှပ်တစ်ပြက်   မိုးဆက်တိုက်  ရွာသွန်းပြီး ရေကြီးမှုကြောင့် အနည်းဆုံး ခြောက်ဦးသေဆုံးခဲ့ပြီး    ပြည်နယ် ငါးခုရှိ     မိသားစုထောင်ပေါင်းများစွာ ရေဘေးကြုံတွေ့ခဲ့ ကြောင်း ထိုင်းအရာရှိတစ်ဦးက   ဒီဇင်ဘာ   ၂၇ ရက်က ပြောကြားခဲ့သည်။

မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ခြောက်ဦး   သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူများထဲတွင်  အသက် ၈၉    နှစ်အရွယ်   သက်ကြီးပိုင်းတစ်ဦးပါဝင်ခဲ့ကြောင်း   နာရာသီ ဝက် လက်ထောက်အုပ်ချုပ်ရေးမှူး ပရီချာ နူအယ်နွိုင်က ပြောကြားခဲ့သည်။

လွန်ခဲ့သော  သုံးရက်အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့သောကြောင့်   ဆိုးရွားသော ရေကြီးမှု ဖြစ်ပွားခဲ့ပြီး    နာရာသီဝက်၊ ယာလာ၊ ပတ်ထာနာ၊ ဆွန်ကလာနှင့်  ဆာတမ်ပြည်နယ်များအပါအဝင်   အနိမ့်ပိုင်းပြည်နယ်များ ရေဘေးကြုံတွေ့ခဲ့ကြသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရာစုနှစ်ထက်ဝက်အတွင်း  အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်   လျော့ပါးသက်သာရေးဌာနက  ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် ကားလမ်းနှင့်   ရထားလမ်းများ ရေကြီးနစ်မြုပ်ခဲ့ပြီး ကျောင်းများ ပိတ်ခဲ့ရကာ  တချို့ဒေသများ၌ မိသားစုဝင်များသည် မိမိတို့အိမ်ထဲတွင်  ပိတ်မိနေခဲ့သည်။  ရေကြီး ရေလျှံမှုကြောင့် အိမ်ထောင်စုပေါင်း  ၇၀၀၀၀  ရေဘေးသင့်ခဲ့သည်။

သောကြာနေ့ကတည်းက အဆက်မပြတ်ရွာသွန်းခဲ့သော မိုးကြောင့်  ထိုင်းပင်လယ်ကွေ့နှင့်  ကပ္ပလီ ပင်လယ်ပြင်အတွင်း သင်္ဘောခုနစ်စင်း နစ်မြုပ်ခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သောကြောင့်   ထိုင်းဝန်ကြီးချုပ်  ဆရက်သာသာဗီဆင်သည် နာရာသီဝက် သို့   သွားရောက်ခဲ့သည်။  ဝန်ကြီးချုပ်သည်  ရေဘေးဒုက္ခသည်များကို  ဂရုစိုက်စောင့်ရှောက်ရန်နှင့်     ဒေသခံများကို  ကူညီပေးရန်   ပြည်ထဲရေးဝန်ကြီးကို တာဝန်ပေးခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။                    

ဆင်ဟွာ