ဘန်ကောက် ဖေဖော်ဝါရီ ၈
ထိုင်းနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ဖေဖော်ဝါရီ ၇ ရက်က ၁၀၄၇၀ တိုးလာပြီး နောက်ထပ် ၁၂ ဦး သေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာ (စီစီအက်စ်အေ) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း နေ့စဉ်ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူ ၁၀၀၀၀ ကျော်လွန်ခဲ့သည်မှာ သုံးရက်ဆက်တိုက် ရှိလာပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလလယ်က ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူ နောက်ဆုံးအကြိမ်အဖြစ် ၁၀၀၀၀ ကျော်လွန်ခဲ့သေးသည်။ မြို့တော်ဘန်ကောက်၊ ဆမွတ် ပရာခန်၊ ချွန်ဘူရီ၊ နွန်သာဘူရီနှင့် ဖူးခက်ပြည်နယ်များတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ နိုင်ငံ၏အစိတ်အပိုင်း အတော်များများတွင် လအတော်ကြာ ကန့်သတ်ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်း၏ ရလဒ်ကောင်းများကြောင့် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူနှင့် သေဆုံးသည့်အရေအတွက်မှာ တည်ငြိမ်သော အခြေအနေတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ယခုအချိန်အထိ နိုင်ငံအတွင်း လူပေါင်း ၁၁၇ သန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးပြီဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပြီ ဖြစ်ပြီး ၂ ဒသမ ၅ ရာခိုင်နှုန်းမှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပြီ ဖြစ်သည်။
နိုင်ငံအတွင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂ ဒသမ ၅ သန်းအထိ မြင့်တက်လာခဲ့ပြီး သေဆုံး သူပေါင်းမှာလည်း ၂၃၀၃ ဦးရှိသည်။
ဆင်ဟွာ