​​​​​​​ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေး

၁၆ ဇွန်

 

ထိုင်းနိုင်ငံတွင် စားသောက်ဆိုင်များ သေရည်အရက် ရောင်းချခွင့်ပြုခြင်းနှင့် မွေထိုင်းလက်ဝှေ့ပွဲကို ပွဲကြည့်ပရိသတ် မပါပဲ ကျင်းပခွင့်ပြုခြင်းတို့ဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကို ဇွန် ၁၆ ရက်နေ့တွင် ဖြေလျှော့ပေးခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံအတွင်း ပြည်ပပြန်များမှလွဲ၍ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရမှု သီတင်းသုံးပတ်ကြာ မတွေ့ရှိတော့သဖြင့် ယခုကဲ့သို့ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။

 

မြို့တော် ဘန်ကောက်တွင် စားသုံးသူများကို စားသောက်ဆိုင်အတွင်းသို့ မဝင်မီ အပူချိန်တိုင်းတာမည် ဖြစ်သည်။ ကူးစက်မှုမြင့်မားသည့် ထိုဒေသတွင် ညကလပ်များနှင့် ဘားများကို ပိတ်ထားဆဲ ဖြစ်သည်။

 

စားသောက်ဆိုင်တွင် သေရည်အရက် ရောင်းချခြင်းသည် ဝင်ငွေပိုမိုရရှိစေသည်ဟု စားသောက်ဆိုင် မန်နေဂျာ တစ်ဦးက ဆိုသည်။ စားသောက်ဆိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုမန်နေဂျာက ပြောကြားသည်။

 

ဘန်ကောက်မြို့ရှိ မွေထိုင်းအားကစားရုံကို ယခုသီတင်းပတ် အားလပ်ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။

 

လက်ဝှေ့ပွဲသို့ လာရောက်သူ အရေအတွက် ကန့်သတ်ထားခြင်း၊ လက်ဝှေ့ပရိသတ်များကို အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ၎င်းတို့၏လက်များကို ဆေးကြောခြင်းနှင့် လက်ဝှေ့သမားများကို လက်ဝှေ့ပွဲများ မကျင်းပမီ ဆရာဝန်များနှင့် ပြသပေးခြင်းတို့ဖြင့် ရောဂါကူးစက်မှု ကာကွယ်ရေး အစီအမံများ ပြုလုပ်သွားမည် ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

11