ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ စတင်ကျင်းပ

ဗန်ကောက် ၂၅ မတ် 

 


ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲတစ်ရပ် ယနေ့စတင်ကျင်းပခဲ့ရာ  ထိုင်းပြည်သူများက သက်ဆိုင်ရာ  မဲရုံများတွင် ဆန္ဒမဲများပေးခဲ့ကြကြောင်း  ယမန်နေ့  အေအက်ဖ်ပီ  သတင်း တစ်ရပ်အရ သိရသည်။

 

နိုင်ငံအဝန်းတွင် မဲရုံပေါင်း ၉၀ဝ၀ဝ ခန့် ဖွင့်လှစ်ထားပြီး  ထိုင်းပြည်သူများက  ပါလီမန်အမတ်  ၅၀ဝ  ခန့်အား ရွေးချယ်ကာ ဆန္ဒမဲပေးခဲ့ကြသည်။

 

ယခုကျင်းပသော ရွေးကောက်ပွဲသည် ၂၀၁၄ ခုနှစ်တပ်မတော်မှ  အာဏာသိမ်းပိုက်ခဲ့ပြီးနောက်  ပထမဆုံး အကြိမ်ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးခြင်းသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရန်နှင့် ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန်    ရည်ရွယ်ခြင်းဖြစ်သည်ဟု တပ်မတော်က ဆိုသည်။

 

၂၀၁၄  ခုနှစ်  တပ်မတော်မှ      အာဏာသိမ်းခဲ့ပြီးနောက် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ပရာယုချန်အိုချာ က ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်အား ဆက်လက်အုပ်ချုပ်ခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့က နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ပြီး ယခုကျင်းပသည့် ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ကာ  နိုင်ငံတော်တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတော်တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ အားထောက်ခံသည့်     နိုင်ငံရေးပါတီတစ်ရပ်သည် ကျေးလက်နေပြည်သူများနှင့် လူလတ်တန်းစားများ၏ ထောက်ခံမှုအများအပြားရရှိသည့်အတွက် အခြားသော ပါတီများထက်  ထောက်ခံမဲအသာစီးရရှိထားကြောင်း သိရသည်။

 

ထိုင်းနိုင်ငံရွေးကောက်ပွဲစနစ် ပြောင်းလဲမှုများကြောင့်ပါတီတစ်ခုတည်းမှ ပါလီမန်အမတ်နေရာ အများအပြားကိုရရှိရန်ခက်ခဲမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင်အနိုင်ရရှိမည့် ပါတီများကလည်း နိုင်ငံတော်အခွင့်အာဏာကို  အတူတကွထိန်းသိမ်းစောင့်ရှောက်ရန် ညွန့်ပေါင်းအစိုးရ  ဖွဲ့စည်းရမည်ဖြစ်ကြောင်း  နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။  ဆန္ဒမဲရေတွက်မှုများကိုမဲရုံများ ပိတ်သိမ်းပြီးနောက် စတင်မည်ဖြစ်ကြောင်း သိရသည်။          

                                      

အေအက်ဖ်ပီ