ရန်ကုန် ဒီဇင်ဘာ ၁၂
ထိုင်းနိုင်ငံရောက် အထောက်အထားရှိနှင့် အထောက်အထားမရှိ မြန်မာလုပ်သားများအကြား ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီသည့် အခြေအနေမှာ သိသိသာသာကွဲပြားနေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် UNDP ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ အထောက်အထားမရှိသည့် ရွှေ့ပြောင်းလုပ်သားများကြားစိတ်ကျန်းမာရေးချိုတဲ့မှု ပိုမိုအဖြစ်များကြောင်း လည်း UNDP ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ အထောက်အထားရှိနှင့် အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကြား စိတ်ကျန်းမာ ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လက်လှမ်းမီမှုဆိုင်ရာတွင်လည်း သိသာထင်ရှားစွာ ကွဲပြားနေကြောင်း၊ စိတ်ကျန်းမာရေးချိုတဲ့မှုသည် အထောက်အထားမရှိသည့် ရွှေ့ပြောင်းလုပ်သားများကြား ပိုမိုအဖြစ်များနေပြီး ထိုသူများ သည် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီအသုံးပြုနိုင်မှုတွင်လည်း အခြားသူများနှင့် နှိင်းယှဉ် လျှင် အကန့်အသတ်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီအသုံးပြုနိုင်မှုသည် နေရာဒေသ အလိုက် ကွာခြားမှုရှိနေပြီး ဘန်ကောက်မြိုတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ လွှမ်းခြုံနိုင်မှုသည် အမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့၏ အလုပ်လုပ်ခွင့်ပါမစ်ပေါ် မူတည်၍ သတ်မှတ်ထားသည့် ဆေးရုံများတွင် မှတ်ပုံတင်ပေးသည့်စနစ်ကြောင့် ၎င်းတို့ နေရာပြောင်းရွှေ့ရလျှင် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူနိုင်ရေး အဟန့်အတား ဖြစ်စေကြောင်းလည်း UNDP ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများအတွက် အားထားမှီခိုရာနေရာတစ်ခု ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ လူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလအထိ ကိန်းဂဏန်းများအရ ထိုင်းနိုင်ငံအတွင်း တရားဝင်လာရောက်သော ရွှေ့ပြောင်း လုပ်သားပေါင်း ၂ ဒသမ ၅ သန်း နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းထားပြီး ထိုသူများသည် ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောက်ရှိလာကြသူများဖြစ်ပြီး ထိုသူများ ထဲမှ ၇၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် စာရွက်စာတမ်းအထောက်အထားများ ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ထိုအထောက် အထားများမရှိကြသည့် ရွှေ့ပြောင်းလုပ်သားများကြား လုပ်ငန်းခွင် အခြေအနေများနှင့် အကျိုးခံစားခွင့်များ သိသာထင်ရှားစွာ ကွာခြားလျက်ရှိကြောင်းလည်း လေ့လာမှုအတွင်းတွေ့ရှိသည်ဟု UNDP ကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများကို စေလွှတ်နေကာ ပြီးခဲ့သည့်ဒီဇင်ဘာ ၆ ရက်က အထောက် အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြင့် တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ရရှိရေးကိစ္စရပ်များ မြန်မာ-ထိုင်း တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးလက်မှတ်ရေးထိုးရေး၊ ထိုင်းအစိုးရအဖွဲ ဆုံးဖြတ်ချက်အရ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certifi-cate of Identity- CI) ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာများကို မြန်မာနိုင်ငံ တွင် ကျန်ရှိသည့် မိသားစုဝင်များထံသို တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာ လွှဲပြောင်းပေးပိုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သစ်တော်