၁ မေ

ထိုင်ဝမ် ရထား အာဏာပိုင်များက ပြီးခဲ့သည့် နှစ် ဆိုးဆိုးရွားရွားရထားလမ်းချော်မှု နှင့် ပတ်သက်၍ နစ်နာကြေးပေးရန် ဂျပန်ကုန်သွယ်လုပ်ငန်း ကုမ္ပဏီ တစ်ခုကို တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလက ရီလန် အရှေ့မြောက်ပိုင်း ဒေသတွင် ဂျပန်နိုင်ငံထုတ်အတွဲရှစ်တွဲပါ  ရထားတစ်စီး လမ်းချော်မှု ဖြစ်ပွားခဲ့ရာ ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆူမီတိုမို ကော်ပရေးရှင်းက ထိုင်ဝမ်ရထားအာဏာပိုင်များမှ အမှာစာ ကို လက်ခံရရှိခဲ့ပြီး နစ်ပွန် ရှာယို ကုမ္ပဏီ က ထိုရထားများကို ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်ဝမ်စုံစမ်းစစ်ဆေးရေးသမားများက ရထားမောင်းသမားသည် ဘရိတ်စနစ် အခက်အခဲပြဿနာများကြောင့် အကြိမ်ပေါင်းများစွာရထားရပ်တန့်သွားခဲ့သည့်အတွက် အလိုအလျောက် ဘေးကင်းလုံခြုံရေးစနစ ခလုတ် ပိတ်ခဲ့သည်ဟု ဆိုသည်။

 

mdn

 

နစ်ပွန် ရှာယို ကုမ္ပဏီ က ဒီဇိုင်းအမှားအယွင်း ဖြစ်ခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလက ဝန်ခံပြောကြားခဲ့သည်။

နစ်ပွန် ရှာယို ကုမ္ပဏီ က ထိုင်ဝမ်နိုင်ငံအတွက် ထုတ်လုပ်ခဲ့သည့် ရထားတွဲ ၁၃၆ တွဲတွင် ဘေးကင်းလုံခြုံရေးစနစ် ခလုတ် ပိတ်ခဲ့လျှင် အမိန့်ပေးအကြောင်းကြားသည့် စနစ်တစ်ခု တပ်ဆင်ထားခြင်းမရှိခဲ့ဟု ဆိုသည်။

ရထားလမ်းချော်မှု နှင့်ပက်သက်ပြီး နစ်နာကြေးပေးရန် ဆူမီတိုမို ကော်ပရေးရှင်းကို တောင်းဆိုသည့် စာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း ထိုင်ဝမ်ရထားအာဏာပိုင်များက ယမန်နေ့က ကြေညာခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn