၂ အောက်တိုဘာ

 

 

ထိုင်ဝမ်အရှေ့မြောက်ပိုင်း ဆိပ်ကမ်းတစ်ခုရှိ တံတားကျိုးကျမှု ဖြစ်ပွားနောက် လူနှစ်ဉီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

 

အဆိုပါ တံတားကျိုးမှုအတွင်း ငါးဖမ်းလှေ သုံးစင်းပိတ်မိနေခဲ့ပြီး ပျောက်ဆုံးနေသည့် ငါးဖမ်းသမားများကို ကယ်ဆယ်ရေး လုပ်သားများက ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

 

 

ယီလန်စီရင်စု အတွင်းရှိ အရှည် ၁၄၀ မီတာရှည်သည့် အဆိုပါ တံတားမှာ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကျိုးကျခဲ့ခြင်းဖြစ်သည်။

 

 

ငါးဖမ်းလှေများသည် အပျက်အစီးများအောက်တွင် ပိတ်မိနေခဲ့ပြီး ရေနံတင် သင်္ဘောတစ်စင်းမှာ  ရေထဲသို့ ထိုးကျသွားခဲ့သည်ဟု ဆိုသည်။

 

 

နှစ်ဉီးမှာ သေဆုံးခဲ့ပြီး သင်္ဘောများဖြစ်သည်ဟု ယုံကြည်ရသည်။ သင်္ဘောမောင်းသူ အပါအဝင် ၁၂ ဉီးမှာ ဒဏ်ရာရရှိခဲ့ကြသည်။

 

 

ခြောက်ဉီးမှာ ပျောက်ဆုံးလျက်ရှိသည်။ ပြီးခဲ့သည့်ည၌လည်း ရှာဖွေရေးများကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ 

 

 

အဆိုပါ တံတားကျိုးမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ယခုတိုင် မသိရသေးပေ။

 

 

တံတား၏ အဓိကကျသည့် အစိတ်အပိုင်းများမှာ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များကို ကိုးကားပြီး မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

dfdsf33

 

122