mdn

သတင်းဆောင်းပါး - သူဇာမြင့်

 

ဗြိတိန်နိုင်ငံ၏ ဦးစားပေးကဏ္ဍရပ်များတွင် ပညာရေးကဏ္ဍအဆင့်အတန်း မြင့်မားရေးသည် တစ်ခု အပါအဝင်ဖြစ်သည့်အလျှောက် အရွယ်မရွေး လူတစ်ဦး ချင်း၏ အရည်အသွေး ပြည့်ဝမြင့်မားရေး အတွက် ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ အနေဖြင့်လည်း အလားအလာ အလွန်ကောင်းမွန်သည့် အဆင့်မြင့်ပညာရေးများ သင်ကြားပို့ချနေသည့် နိုင်ငံများတွင် တစ်နိုင်ငံဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ ပညာရေးအဆင့်အတန်း ထူးချွန်ပြောင်မြောက်မှုကို ကမ္ဘာ တစ်ဝန်းမှလည်း အသိအမှတ်ပြုကြပါသည်။ တက္ကသိုလ်၊ ကောလိပ်များ၏ သင်ကြားရေး၊ သုတေသန (အရေအတွက်၊ ဝင်ငွေနှင့်ထင်ပေါ်ကျော်ကြားမှု)၊ ပညာရပ်ဆိုင်ရာကိုးကားခံရမှု အရေအတွက်၊ နိုင်ငံတကာသုတေသနများနှင့် စက်မှု ကဏ္ဍများသို့ အသိပညာဗဟုသုတ လွှဲပြောင်းပေးနိုင်မှုတို့ အပေါ် အခြေခံ၍ Time Higher Education (THE) မှဖေါ်ပြခဲ့သည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့နာမည်ကျော် တက္ကသိုလ် (၁၀ဝ) စာရင်းတွင် ဥရောပနိုင်ငံများရှိ တက္ကသိုလ် (၃၃) ခု ပါဝင်ခဲ့ပါသည်။ ယင်းတို့ထဲတွင် ဗြိတိန်တက္ကသိုလ်များသည် ဥရောပတက္ကသိုလ်များအတွက် အကောင်းဆုံးကိုယ်စားပြု တက္ကသိုလ်များ အဖြစ် ရပ်တည်နေပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်းဝင်နိုင်ငံ (၂) နိုင်ငံ၌ ဗြိတိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြပါသည်။

 

ဗြိတိန်တက္ကသိုလ်ကျောင်းသားဟောင်းများ

 

ထို့တူ ၂၀၁၈ခုနှစ်၌ထုတ်သည့် Time Higher Education (THE) ၏စာရင်း အရ ကမ္ဘာ့ခေါင်းဆောင် ၃၇၇ ဦး အနက် ၅၈ ဦးမှာ ဗြိတိန်နိုင်ငံတွင် ပညာသင်ကြားခဲ့ကြပြီး င်းစာရင်းအရ ဗြိတိန်တက္ကသိုလ်များနှင့် ကောလိပ် များသည် ကမ္ဘာ့ခေါင်းဆောင်အများဆုံးကိုမွေးထုတ်ပေးနိုင်ခဲ့သည့်တက္ကသိုလ် များဖြစ်ကြပါသည်။ အဆိုပါတက္ကသိုလ်နှင့် ကောလိပ်များ၌ University of Oxford ၊ SOAS University of London တို့မှ ဘွဲ့ရရှိခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ University of Hullမှ MBA ဘွဲ့ရ ရှိခဲ့သည့် ဆားဗီးယားနိုင်ငံဝန်ကြီးချုပ် Ana Brna bic ၊ ကိုလံဘီယာနိုင်ငံနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့၏ သမ္မတများ၊ မလေးရှားနိုင်ငံနှင့် မယ်လ်တာနိုင်ငံတို့၏ ဝန်ကြီးချုပ်များနှင့် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဘူတန်နိုင်ငံတို့၏ဘုရင်များ၊ ကာရေ ဘီယန်ပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာကြားရှိ ကျွန်းနိုင်ငံများဖြစ်သည့် အန်တီဂွါနှင့် ဘာဘူတာနိုင်ငံမှသည်သြစတြေးလျနိုင်ငံ၊ ဘာရိန်းနိုင်ငံမှသည် တူဘာလူနိုင်ငံ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ယီမင်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှဘုရင်များ၊ သမ္မတများနှင့် ဝန်ကြီးချုပ်များသည် ဗြိတိန် တက္ကသိုလ်များ၏ ကျောင်းသားဟောင်းများ ဖြစ်ကြပါသည်။

 

ဗြိတိန်နိုင်ငံ၌ အဆင့်မြင့်ပညာ သင်ကြားပို့ချနေသည့် အဖွဲ့ အစည်း/ ကျောင်းများအားလုံးမှာ တက္ကသိုလ်ဟု အမည်နာမ ခေါ်ဆိုခွင့် မရှိပါ။ ထိုသို့ ခေါ်ဆိုခွင့် ရရှိရန်အတွက် ၂၀ဝ၆ ခုနှစ် ကုမ္ပဏီများ အက်ဥပဒေအရ သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီရမည် ဖြစ်ပါသည်။ ယင်းဥပဒေရဘွဲ့ အဆင့် အပ်နှင်းနိုင်သည့်သင်တန်းများ၌ အချိန်ပြည့်တက်ရောက်နေသည့်ကျောင်းသား အနည်းဆုံး ဦးရေ ၄ဝဝဝ ပညာသင်ကြားနေသည့် အဖွဲ့ အစည်း/ကျောင်း ဖြစ်ရန် လိုအပ်ပြီး ယင်းကျောင်းသားဦးရေအနက် အနည်းဆုံး ၃၀ဝ၀ မှာ ဘွဲ့ကြို တန်းသို့ တက်ရောက်ခြင်းရှိမှသာ ထိုအဖွဲ့ အစည်း/ကျောင်းအား တက္ကသိုလ် ဟု ခေါ်ဆိုခွင့်ရှိ၍ဘွဲ့ အဆင့် အပ်နှင်းနိုင်သည့် သင်တန်းများသင်ကြားပေးခြင်း ရှိနေသော်လည်း ကျောင်းသားအရေအတွက် သတ်မှတ်ချက်နှင့် မပြည့်မီသည့် အဖွဲ့အစည်း/ ကျောင်းများ အား ကောလိပ်ဟုသာ ခေါ်ဆိုခွင့် ရှိပါသည်။

 

အဖွဲ့ဝင်တက္ကသိုလ် ၂၄-ခု ပါဝင်

 

နိုင်ငံအတွင်း၌ အဆင့်မြင့်ပညာ သင်ကြားပို့ချပေးနေသည့် တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၃၂၅ ခုရှိပြီး ယင်းတက္ကသိုလ်များအနက် ဂုဏ်သိက္ခာကြီးမား သည့် အကျော်အမော်တက္ကသိုလ်များ စုပေါင်း၍ ဖွဲ့စည်းထားသည့် Russell Group ၌ အဖွဲ့ဝင်တက္ကသိုလ် ၂၄ ခုပါဝင်သည်။ ၎င်းတို့မှာ University of Birmingham University of Bristol University of Cambridge: Cardiff University Durham University University of Edinburgh University of Exeter University of Glasgow Imperial College London i King's College London University of Leeds: University of Liverpool i London School of Economics and Political Sciences, University of Manchester Newcastle University University of Nottinghami University of Oxfordi Queen Mary University of Londoni Queen's University Belfast University of Sheffield University of Southampton i University College London University of Warwick 4 University of York တို့ဖြစ်ကြပါသည်။

 

ယင်းတက္ကသိုလ်များအနက် ကမ္ဘာပေါ်ရှိ ထိပ်တန်းပညာရှင်များ နှင့် ထူးချွန်ကျောင်းသားများ ဗြိတိန်နိုင်ငံတွင် ပညာလာရောက်ဆည်းပူးရန် ဆွဲ ဆောင်မှုအရှိဆုံး၊ ဂုဏ်သိက္ခာအကြီးမားဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး တက္ကသိုလ်များထဲတွင် University of Oxford မှာ တစ်ခုအပါအဝင် ဖြစ်ပါ သည်။ ယင်းတက္ကသိုလ်အတွင်း၌ ကောလိပ်နှင့်ကျောင်းဆောင်ပေါင်း ၄၄ ခုရှိပြီး ကျောင်းသို့ တက်ရောက်ရန် အဆင့်သတ်မှတ်ချက်မှာ အလွန်မြင့်မား၍ တက်ရောက်ခွင့် ရရှိရေးအတွက် အလွန် ယှဉ်ပြိုင်ရပြီး ကျောင်းနေရာ တစ် ခုအတွက် လျှောက်လွှာရှင် ကျောင်းသား ငါးဦးနီးပါး လက်ခံလေ့ ရှိပါသည်။ ဘွဲ့ကြိုတန်းအဆင့်၌ ဗြိတိန်နိုင်ငံရှိ အခြားသော တက္ကသိုလ်များကဲ့သို့ပင် ဘာသာရပ် နှစ်ခု တွဲယူရသည့်ပေါင်းစပ်ဘွဲ့များ ပေးအပ်ပြီး ဒဿနိကဗေဒ၊ နိုင်ငံရေးဘာသာရပ်နှင့် စီပွားရေး ပညာရပ်တို့ပူးတွဲယူရသည့်ပေါင်းစပ်ဘွဲ့မှာ  University of Oxford မှ ပို့ချလျက်ရှိသည့် သင်တန်းများထဲမှ ပြိုင်ဘက် ကင်းသည့် သင်တန်းဖြစ်ပါသည်။

 

၉၅ ရာခိုင်နှုန်း အလုပ်အကိုင်ရရှိ

 

ဘွဲ့ကြိုနှင့်ဘွဲ့လွန် ကျောင်းသားများမှာ ကျောင်းပိုင်အဆောက်အဦ သို့ မဟုတ် ကျောင်းပိုင်အခန်းများတွင် နေထိုင်ရပြီး ဘွဲ့ကြိုကျောင်းသားများအနေ ဖြင့် ၎င်းတို့၏ နည်းပြများဖြင့်သာ သီးသန့်သင်ယူရပါသည်။ ဘွဲ့လွန်ကျောင်း သားများမှာ သက်ဆိုင်ရာဌာနများမှ ဆရာများ၏ အုပ်ချုပ်မှုအောက်၌ တက္ကသိုလ်ဆရာများအဖြစ် တာဝန်ထမ်းဆောင်ရပါသည်။ ကျောင်းအတွင်း၌ စာကြည့်တိုက်ပေါင်း ၁၀ဝ ရှိပြီး အထင်ရှားဆုံးမှာ ၁၆၀၂ ခုနှစ်၌ စတင်တည် ထောင်ခဲ့သည့် Bodleian စကြည့်တိုက်ဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၃၀၊ ဗြိတိန်ဝန်ကြီး ၂၆ ဦးနှင့် နိုဘယ်ဆုရှင် ၁၂ဝ ဦးတို့မှာ ယင်းတက္ကသိုလ်၌ ပညာ သင်ယူခဲ့ကြပါသည်။ ယင်းတက္ကသိုလ်မှ ဘွဲ့ရရှိပြီး ခြောက်လအတွင်း ဘွဲ့ရ ကျောင်းသား ၉၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင်များ ရရှိကြသကဲ့သို့ ဘွဲ့လွန် ပညာ ဆက်လက်လေ့လာဆည်းပူးခြင်းများ ရှိကြပါသည်။

 

University of Oxford အတွင်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပညာ ဆည်းပူးခဲ့ရာ S Hugh's College ရှေ့ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့များ

 

University of Oxford aasoa qadaryoso sexe sur & အရှည်ကြာဆုံး တက္ကသိုလ်များစာရင်း၌ University of Cambridge သည် လည်း အပါဝင်ဖြစ်ပါသည်။ အဆိုပါတက္ကသိုလ်၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် ကျောင်းသား ၁၈၀ဝ၀ ကျော်နှင့်ဝန်ထမ်းဦးရေ ၉၀ဝ၀တို့ရှိပြီးတက္ကသိုလ် အတွင်းရှိ လိပ်ပေါင်း ၃၁ ခုတွင် ပညာရပ်သင်ဌာန ပေါင်း ၁ဝဝ ရှိပါသည်။ ယင်းတို့အနက်လိပ်အချို့မှာ ၃ ရာစု၌ တည်ထောင်ခဲ့ကြပြီး University of Cambridge မှာ ၎င်း၏ ထူးချွန်ပြောင်မြောက်သည့် သင်္ချာဘာသာရပ်နှင့် သိပ္ပံပညာရပ်များကြောင့် လူသိများပါသည်။ အဆိုပါတက္ကသိုလ်ရှိ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများမှ နိုဘယ်ဆု ၉၂ခုအား ချီးမြှင့်ခြင်းခံရသကဲ့သို့ သင်္ချာ ပညာရှင်များ အဖွဲ့မှလည်း ပညာရပ်ဆိုင်ရာ ဆုများစွာလည်း ရရှိကြပါသည်။

 

ယင်းတက္ကသိုလ်သို့ တက်ရောက်ရန် လျှောက်ထားသည့် ကျောင်းသား များထဲမှ ၂၅ ရာခိုင်နှုန်းကိုသာ ရွေးချယ်လေ့ရှိပြီး တက်ရောက်ရန် ငြင်းပယ်ခြင်း ခံရသည့် ကျောင်းသားထက်ဝက်ကျော်အားလည်း ၎င်းတို့ဆက်လက် တက် ရောက်မည့်ကျောင်းများမှ ကျင်းပသည့်စာမေးပွဲများ၌ ဘာသာရပ်အားလုံးတွင်  A အဆင့် ရရှိအောင် ကြိုးစားသွားရန် တိုက်တွန်းခြင်းများ ပြုလုပ်ပါသည်။ သင်ခန်းစာပို့ချချက်နှင့်အတူ လက်တွေ့ဆောင်ရွက်ချက်များအား ဆရာများ၏ ကြီးကြပ်မှုအောက်၌ ဘွဲ့ကြိုကျောင်းသားများမှ လေ့လာသင်ယူရပါသည်။ ကျောင်းသင်ခန်းစာတာဝန်များမှာ အလွန်များပြားသော်လည်း သင်တန်း ကာလမှာ ဗြိတိန်နိုင်ငံရှိအခြားသော တက္ကသိုလ်များထက်နည်းပါသည်။ တက္ကသိုလ်ရှိစာကြည့်တိုက်များ၌ အလယ်ခေတ်လက်ရေးမူ အများအပြား စုဆောင်းသိမ်းဆည်းထားသကဲ့သို့ ရှေးဟောင်းသုတေသန ပညာရပ်ဆိုင်ရာ ရှေးခေတ်လူ့အသုံးအဆောင် ပစ္စည်းများနှင့် သတ္တဗေဒပညာရပ်ဆိုင်ရာ လေ့လာစစ်ဆေးနိုင်ရန် နမူနာများအားလည်း ပြသထားပါသည်။ Cambridge တက္ကသိုလ်မှ ထင်ရှားကျော်ကြားသည့် ဘွဲ့ရကျောင်းသားများတွင် အနုပညာ ရှင်များ၊ နိုင်ငံရေးသမားများ၊ မင်းမျိုးမင်းနွယ်များ၊ အားကစားသမားများနှင့် ယဉ်ကျေးမှု အနုပညာဆိုင်ရာ ပညာရှင်များလည်း ပါဝင်ပါသည်။ ဗြိတိန်လွှတ် တော်၌ လက်ရှိတာဝန် ထမ်းဆောင်နေကြသည့် လွှတ်တော်အမတ်များ၏ ၈၆ ရာခိုင်နှုန်းမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ပြီး ၂၃ ရာခိုင်နှုန်းမှာ Oxford နှင့် Cambridge တက္ကသိုလ်များမှ ဘွဲ့ရများဖြစ်ပါသည်။

 

၁၂၅ နိုင်ငံမှ လာရောက်ပညာသင်

 

 Imperial College London သည် သိပ္ပံပညာ၊ နည်းပညာ၊ အင်ဂျင်နီယာ ပညာ၊ ဆေးပညာနှင့် စီးပွားရေးပညာရပ်များတွင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ အဆင့်၌ အမြဲရှိနေသည့် ကျောင်းတစ်ခုဖြစ်ပါ သည်။ ယင်း တက္ကသိုလ်သည် လန်ဒန်မြို့ရှိ ကောလိပ်သုံးခုအား ပေါင်းစု၍ ၁၉၀၇ ခုနှစ်၌ ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ကျောင်းသားဦးရေ ၁၅၀ဝ နှင့် ဝန်ထမ်းပေါင်း ၈ဝဝဝ ရှိပါသည်။ ယင်းတက္ကသိုလ်၌ လာရောက် ပညာသင်ယူနေသည့် နိုင်ငံတကာမှ ကျောင်းသားပေါင်းများစွာရှိ၍  ၎င်းတို့မှာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှလာရောက် ပညာသင်ယူခြင်း ဖြစ်ပါသည်။ ထိပ်တန်းသိပ္ပံပညာရှင်များ၊ ပညာရပ်နယ်ပယ်ဆိုင်ရာ ဆုတံဆိပ်ရရှိ သူများ၊ နိုဘယ်ဆုရှင်များအပါအဝင် Imperial College London မှ ဩဇာ တိက္ကမရှိသည့် အစိုးရ အကြံပေး ပုဂ္ဂိုလ်များနှင့် မူဝါဒများဆိုင်ရာ ချမှတ်သူ များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်တစ်ခု ဖြစ်ပြီး H.G. Wels ၊ Sir Liam Donaldson နှင့် ဘုရင်မကြီး၏ သမားတော်ချုပ်တို့မှာ အဆိုပါ တက္ကသိုလ်၏ ကျောင်းသားဟောင်းများဖြစ်ကြပါသည်။ University College London သည် ဗြိတိသျှ ဒဿနပညာရှင်၊ ဥပဒေ ပညာရှင်နှင့် လူမှုဘဝ ပြုပြင်ပြောင်းလဲရေးသမား Jeremy Bentham ၏ ပညာရေးဆိုင်ရာ ဒဿနအား ထောက်ခံ၍ လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မခွဲခြားဘဲ တက်ရောက်ခွင့်ပြုခဲ့သည့် ကျောင်းနှင့် အင်္ဂလန်၌ အမျိုးသမီး များအား အမျိုးသားများနှင့်တန်းတူ အခွင့်အရေးပေး၍ ပထမဆုံးတက် ရောက်သင်ကြားခွင့် ပြုခဲ့သည့်တက္ကသိုလ်ဖြစ်ပါသည်။ လက်ရွေးစင်ကျောင်း သားများ တက်ရောက် ပညာသင်ကြားလိုသည့် ဗြိတိသျှတက္ကသိုလ်များထဲ၌ University College London သည်လည်း အပါအဝင်ဖြစ်ပါသည်။ အဆိုပါ တက္ကသိုလ်မှာကမ္ဘာနာမည်ကျော် တက္ကသိုလ်များအဆင့်ဇယားတွင် အဆင့်မြင့် နေရာ၌ရှိပြီး အလုပ်ခန့်ရန် အရည်အသွေး ပြည့်ဝသည့်ဘွဲ့ရပေါင်းများစွာအား မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ဟုလည်း သတ်မှတ်ခြင်းခံရပါသည်။ ယင်း တက္ကသိုလ်၌ ဘွဲ့ကြိုတန်းသို့ တက်ရောက်လိုသည့်ကျောင်းသားများအနေဖြင့် Alevel အဆင့်စာမေးပွဲ၌ ဘာသာရပ်တိုင်းတွင် A အဆင့် သို့မဟုတ်ကောလိပ် ကျောင်းအဆင့် စာမေးပွဲတွင် သင်ယူရသည့် ဘာသာရပ်များ၌ အဆင့် (၆၊ ၆၊ ၆) ရရှိရန် လိုအပ်ပါသည်။

 

ထင်ပေါ်ကျော်ကြားကျောင်းသားဟောင်းများ

 

University College London မှ ပေးအပ်သည့် သိပ္ပံဘွဲ့များမှ ဒဿနိက ဗေဒဘွဲ့၊ နိုင်ငံရေးဘွဲ့နှင့် စီးပွားရေးဘွဲ့များ ရရှိရေးအတွက် တက်ရောက်ရန် လျှောက်ထားရာတွင် ကျောင်းနေရာ တစ်ခုချင်းစီအတွက် လျှောက်လွှာရှင်ကျောင်းသား ၃၀ အား လက်ခံလေ့ရှိသဖြင့် အလွန်ပင် ယှဉ်ပြိုင်ရပါသည်။ တက္ကသိုလ်သို့ တက်ရောက်နေသည့် ကျောင်းသားထက်ဝက်ကျော်မှာ ဗြိတိန် နိုင်ငံပြင်ပမှ လာရောက်သူများဖြစ်ပြီး ဥရောပတိုက်မှ ကျောင်းသားများထက် အာရှနိုင်ငံများမှ လာရောက်ကြသည့် ကျောင်းသားဦးရေမှာ ပိုများပါသည်။ University College Londongi empêcumpête poop coatemp ကြားသည့် ကျောင်းသားဟောင်းများမှာ Mahatma Gandhi တယ်လီဖုန်း တီထွင်သူ Alexander Graham Bell နှင့် Cold play အဆိုတော် Chris Martin တို့ဖြစ်ပါသည်။

 

ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်များ၌ နိုင်ငံခြားသား ၇၀ ရာခိုင်နှုန်းဖြင့် နိုင်ငံ တကာမှ ကျောင်းသား အများဆုံးရှိသော တက္ကသိုလ်မှာ London School of Economics and Political Science (LSE) ဖြစ်ပါသည်။ ဥပဒေပညာ၊ စီးပွားရေးပညာ၊ သမိုင်းဘာသာ၊ ဒဿနိကဗေဒနှင့် နိုင်ငံရေး ပညာဘာသာရပ် တို့မှာ အဆိုပါတက္ကသိုလ်၏ အရှိန်အဝါကောင်းသည့် ဘာသာရပ်များဖြစ်ပါ သည်။ စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရှင်များ၏ ၂၆ ရာခိုင်နှုန်းသည် LSE ကျောင်းသားဟောင်းများနှင့် ၎င်းတက္ကသိုလ်နှင့် ပေါင်းစည်း အဖွဲ့များမှ ဖြစ်ပါသည်။ အခြားထိပ်တန်း တက္ကသိုလ်များကဲ့သို့ပင် ယင်းတက္ကသိုလ်သို့ တက်ရောက်နိုင်ရေး အတွက် လျှောက်လွှာရှင် ကျောင်းသားများအနေနှင့် | A အဆင့်သို့မဟုတ် အဆင့်မြင့်ရလဒ် ရရှိရန် လိုအပ်ပါသည်။

 

LSE မှ ၂၀၁၇ ခုနှစ်၌ ကျောင်းသားနေရာ ၁၅၀ဝ၀ အတွက် ကျောင်းသား လျှောက်လွှာ ၁၇၀ဝ၀ လက်ခံခဲ့ပြီး စီးပွားရေးပညာ၊ စီမံအုပ်ချုပ်မှုပညာနှင့် ဥပဒေပညာတို့ဖြင့် ဘွဲ့လွန်တန်းများ တက်ရောက်ရန် လက်ခံသည့် ကျောင်းသားအရေအတွက်မှာ ၇ ရာခိုင်နှုန်း အောက်၌သာ ရှိပါသည်။ Nelson Mandela နှင့် George Soros တို့အပါအဝင် ထင်ရှားကျော်ကြားသည့် ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များသည် LSE ၏ ဂုဏ်သတင်းကြီးသည့် သင်ခန်းစာများ ပို့ချမှုအစီအစဉ်တွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေ ရေးဆွဲသူ B.R, Ambedkar မှာ ၎င်း၏ ပါရဂူကျမ်းအား LSE ၌ ရေးသားပြုစုခဲ့ပါသည်။

 

အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ပြီးပြည့်စုံစေရန်အတွက် နိုင်ငံပေါင်း ၈၈ နိုင်ငံမှ တက္ကသိုလ်ပေါင်း ၈၈၉ ခု ၏သဘောတူလက်မှတ်ရေးထိုးထားသော Magna Charta Universitatum အရဗြိတိန်နိုင်ငံရှိ တက္ကသိုလ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်းများဆောင်ရွက်မှုနှင့် သင်တန်းများပို့ချရာ၌ လွတ်လပ်စွာဆောင်ရွက် ပိုင်ခွင့်တို့ ရရှိပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟုဆိုရာတွင် ပညာရပ်ဆိုင်ရာ ဝန်ထမ်းများမှ မည်သူတို့အား ဘာသာရပ်ဆိုင်ရာ ဌာနမှူးများ၊ တက္ကသိုလ်ဒုတိယအဓိပတိနှင့် အဓိပတိရာထူးများအား ခန့်အပ်ရန် ပြောကြားပိုင်ခွင့်ရှိပြီး တက္ကသိုလ်ပညာရေး အဖွဲ့များမှလည်း ပညာရပ်များနှင့် အသိပညာရပ်ပိုင်းဆိုင်ရာ မူဝါဒများအား ထိန်းချုပ်ပိုင်ခွင့်ရှိပါသည်။ ထို့အပြင် ပညာရပ်နယ်ပယ်နှင့် ပတ်သက်၍ ပညာရှင်များအား လွတ်လပ်စွာ ဆောင်ရွက် ခွင့်နှင့် လုပ်ပိုင်ခွင့်ပေးထားသည့်အတွက် ပညာရပ်နယ်ပယ်တွင် ကျွမ်းကျင်မှုနှင့် ထူးချွန်မှုတို့အား ဖြစ်ပေါ်စေပါသည်။

 

ဗြိတိန်တက္ကသိုလ်များ၏ ထူးချွန်ပြောင်မြောက်မှုကို ကမ္ဘာတစ်ဝန်းမှ အသိအမှတ်ပြုကြသော်လည်း ယင်းအခြေနေအား ဆက်လက်ထိန်းထားနိုင်ရန်မှာ လူပုဂ္ဂိုလ်များ၊ အတွေးအခေါ်နှင့်ပညာရပ်များနိုင်ငံအတွင်းသို့ ဝင်ရောက်လာရေးမှာ အလွန်အရေးကြီးပါသည်။ ထို့အပြင် သုတေသနနှင့် သင်ကြားရေးအတွက် တက်ကြွစွာဆောင်ရွက်မည့် ပတ်ဝန်းကျင်ကောင်း လိုအပ်ပြီး Brexit အပြီး ဗြိတိန်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ စွမ်းရည်ထက်မြက်သူများအား ဗြိတိန်တက္ကသိုလ်များ၌ ဆက်လက်တာဝန်ထမ်းဆောင်ရေး အတွက် ထိန်းထားနိုင်ရန်နှင့် လူသစ်များလည်း ထပ်မံစုဆောင်းရန်မှာ အထူးဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ ဖြစ်ပါသည်။