သာဒိုးရီ(သင်ပုန်းတန်း)
ရခိုင်သမိုင်းပညာရှင်များနှင့် ရခိုင်သုတေသီတို့သည် ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ သမိုင်း၊ ယဉ်ကျေးမှု ဓလေ့ ရိုးရာများကို စွမ်းစွမ်းတမံ ဖော်ထုတ်ပေးခဲ့ကြပြီး မပျောက် ပျက်အောင် ကျားကန်ပေးခဲ့ကြသည့် ဒေါက်တိုင်သဖွယ် ဖြစ်ကြသည်။ သခ¯ရသဘောတရားကို မလွန်ဆန်နိုင်၍ ကွယ်လွန်အနိစ္စရောက်သွားကြသဖြင့် အလွန်နှမြောဖို့ ကောင်းလှပါသည်။ ရခိုင်ခေတ်ဦးကျောက်စာ၊ ခေါင်း လောင်းစာ၊ ကြေးပြားစာ၊ ဒဂ¯းများနှင့် သမိုင်းယဉ်ကျေးမှု ဆိုင်ရာများနှင့်ပတ်သက်၍ စနစ်တကျ သုတေသနပြုခဲ့ ကြသူများမှာ-
ဦးရွှေဇံအောင်
အဖ ဦးရွှေသာနှင့်အမိ ဒေါ်မိဇံဖြူတို့မှ ၁၈၇၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်၌ မွေးဖွားခဲ့ပြီး စစ်တွေမြို့၊ ရန်ကုန်မြို့တို့၌ ပညာ ဆည်းပူးခဲ့သည်။ အသက်(၂၀) အရွယ် ၁၈၉၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ပညာအုပ်၊ လယ်ဝန် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဗုဒ္ဓအဘိဓမ္မာ တရားတော်ကို ဥရောပတိုက်သားများပါ လေ့လာသိရှိနိုင်အောင် မြန်မာနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် ပထမဦးဆုံး ပြုစုထုတ်ဝေခဲ့သည့် ရခိုင်တိုင်းရင်းသား လူမျိုးတစ်ဦးဖြစ်သည်။
ဦးရွှေဇံအောင်သည် မိမိလေ့လာတွေ့ရှိခဲ့သော ဗုဒ္ဓ စာပေများနှင့် သမိုင်းစာပေများအပေါ် သုတေသနပြုပြီး စာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့သည်။ ၁၉၀ဝ ပြည့်နှစ် မှစ၍ သုံးလတစ်ကြိမ် ထုတ်ဝေသော ဗုဒ္ဓဝါဒမဂ္ဂဇင်းတွင် ဗုဒ္ဓ၏ အဘိဓမ္မာနှင့်စပ်လျဉ်းသော စာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး ဒီပနီကျမ်း လေးကျမ်း ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ အဘိဓမ္မာသင်္ဂဟ ကျမ်း ယမက(ခေါ် )ယမိုက်ပါဠိကျမ်းနှင့် အထာကဋ္ဌ ဝတ္ထုတို့အား အင်္ဂလိပ်ဘာသာ လုံးချင်းကျမ်းအဖြစ်လည်း ပြုစုခဲ့သည်။
အင်္ဂလန်နိုင်ငံမှ ပါဠိပညာရှင် မစ္စရိုင်းဒေးဗစ်က လယ်တီဆရာတော်ကြီးကို မေးမြန်းသော ပုစ္ဆာများကို မြန်မာပြန်၍ ဆရာတော်ကြီးကို တင်ပြပြီး လယ်တီ ဆရာတော်ကြီး၏ အဖြေများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး လန်ဒန်ရှိ ပါဠိပညာရှင် မစ္စရိုင်းဒေးဗစ်ထံ စာတိုက်ကပေးပို့ပြီး ဗုဒ္ဓစာပေကို က္ဘာသို့ ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။ ဤကဲ့သို့ ကျမ်းပေါင်းများစွာကို ပြုစု နိုင်ခဲ့သဖြင့် ရန်ကုန်တက္ကသိုလ် ဆီးနိတ်အဖွဲ့က စာပေ ရေးရာပါရဂူဘွဲ့ကို ပေးအပ်ချီးမြှင့်ခြင်းခံရပြီး ၁၉၃၂ ခုနှစ် တွင် ကွယ်လွန်ခဲ့သည်။
ဦးစံရွှေဘု
၁၈၈၂ ခုနှစ်တွင် မြောက်ဦးမြို့နယ် လက်ယာရွာတွင် မွေးဖွားခဲ့ပြီး စစ်တွေမြို့ အစိုးရအထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံမှ ဝတ်လုံဘွဲ့ကို ရယူခဲ့သည်။ ၂၀ ရာစုအစောပိုင်း၌ ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုများကို ပြည်တွင်း ပြည်ပမှ ပိုမိုသဘောပေါက် နားလည်လာအောင် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သော ရခိုင်သမိုင်း သုတေသီမှာ ဦးစံရွှေဘုဖြစ်သည်။ ၁၉၁၇ ခုနှစ်မှ ၁၉၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသုတေသနအသင်းမှ ထုတ်ဝေ သည့် ဂျာနယ်တွင် ရခိုင်ရေးရာသုတေသန ဆောင်းပါးများ ကို စဉ်ဆက်မပြတ်ရေးသားပေးပို့ခဲ့သည်။
ထို့အပြင် ပြည်ပနိုင်ငံများမှ ထုတ်ဝေသည့် ရခိုင် ရေးရာ သုတေသနစာတမ်းများအတွက် ကူညီဆောင်ရွက် ပေးခဲ့ပြီး ဂုဏ်ထူးဆောင် ကျောက်စာဝန်လည်း ဖြစ်ခဲ့ သည်။ ဒုတိယက္ဘာစစ်ကြီးအတွင်း ၁၉၄၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ဦးထွန်းစံ
ဦးထွန်းစံသည် စစ်တွေမြို့ ဇာတိဖြစ်သည်။ ငယ်စဉ် ကပင် ဗေဒင်ပညာနှင့် ပြက္ခဒိန်အကြောင်းကို လေ့လာ လိုက်စားခဲ့သည်။ ဦးထွန်းစံသည် ဝတ်လုံတော်ရရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြောက်ဦးခေတ် နရအဘယရာဇာမင်းလက်ထက် ပြုလုပ်ခဲ့သော ရှေးဟောင်းပြက္ခဒိန်ပေမူကို အခြေခံ၍ ကျားရုပ်ဂိုဏ်း ဆရာတော် ဦးအဂ္ဂနန္ဒ၊ ရွှေစေတီဂိုဏ်းအုပ်ဆရာတော် ဦးတေဇာရာမတို့နှင့် တိုင်ပင်ပြီး ရခိုင်ပြက္ခဒိန် (၁၈၂၀ ခုနှစ် မှ ၁၉၂၉ ခုနှစ်)ထိ နှစ်ပေါင်း တစ်ရာ့တစ်ဆယ်အတွက် စီစဉ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ၁၉၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့ သည်။ ရခိုင်သမိုင်းဆိုင်ရာ စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့ပါသည်။
ဦးအောင်သာဦး
အဖ ဦးသာထွန်း၊ အမိ ဒေါ်စံမြတို့၏ တစ်ဦးတည်းသော သားဖြစ်ပြီး စစ်တွေမြို့ ဒေးဝန်းရွာ၌ ၁၉၀၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် မွေးဖွားခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ၁၀ တန်း အောင်မြင်ပြီး စစ်တွေမြို့ အမျိုးသားကျောင်းတွင် ဆရာအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ငယ်စဉ်က မြန်မာစာ သက်သက်သာ သင်ကြားခဲ့ရသော်လည်း အင်္ဂလိပ်စာကို မိမိဘာသာသင်ယူကာ ကာလကတ္တားမှ ၁၀တန်း အိုင်အေ ဘီအေအတန်းများကို သွားရောက်ဖြေဆို အောင်မြင်ခဲ့ပါသည်။
၁၉၃၀ ပြည့်နှစ်တွင် တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား များအဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း ၁၉၄၂ ခုနှစ်တွင် စစ်တွေခရိုင်တောင်ပိုင်း အရေးပိုင်အဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် လှည်းကူးမြို့ အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ထိုစဉ် ကပင် ရခိုင်ရာဇဝင်စာအုပ်၊ ရခိုင်လေမုန်တိုင်းကြီး (၁၉၆၀) မှတ်တမ်းစာအုပ်များကို ကိုယ်တိုင်လေ့လာပြုစုခဲ့ ပါသည်။ ရခိုင်စာပေယဉ်ကျေးမှုသမိုင်း ဟောပြောပွဲများကို နေရာအနှံ့ လှည့်လည်ဟောပြောခဲ့ပါသည်။ ယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရင်း (၁၉၉၀) ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ ဆရာကြီးရေးသားခဲ့သော ဆောင်းပါးများမှာ ရခိုင်စာပေ ယဉ်ကျေးမှုနှင့် ရခိုင်သမိုင်းအကြောင်းကို မီးမောင်းထိုး ပြလျက် ရှိနေပါသည်။
ဦးစန္ဒမာလာလင်္ကာရ
ခမည်းတော် ဦးကျော်ဇောနှင့် မယ်တော် ဒေါ်ဝင်းလှဖြူတို့မှ သက္ကရာဇ် ၁၈၆၁ ခုနှစ်တွင် ရမ်းဗြဲမြို့နယ် ရွာပုလဲရွာ၌ ဖွားမြင်ခဲ့ပါသည်။ ငယ်မည်မှာ ကျော်စောအောင်ဟုခေါ်၍ လောကုတ္တရာစာပေများကို လေ့လာရင်း ရှင်သာမဏေပြုခဲ့ပါသည်။ ယင်းနောက် ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် ဦးသာရမေဓာကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်ရောက်တော်မူပြီး သရက်မြို့နှင့် မန္တလေးမြို့များတွင် စာပေကျမ်းဂန်များ လေ့လာသင်ယူ ခဲ့ပါသည်။
၁၉၀၉ ခုနှစ်မှစ၍ ရမ်းဗြဲမြို့ တောင်ကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူကာ ၁၉၃၅ ခုနှစ်တွင် ဘဝ နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။ ဆရာတော် သက်တော် ထင်ရှားရှိစဉ် လောကီ၊ လောကုတ္တရာ စာပေကျမ်းဂန်များ ကို ရေးသားပြုစုတော်မူခဲ့ပါသည်။ ယင်းတို့အနက် "ရခိုင် ရာဇဝင်သစ်ကျမ်းနှင့် ရာဇဓမ္မသင်္ခပကျမ်း" တို့မှာ သုတေသီများက အားထားရသော ကျမ်းကြီးများဖြစ်၍ ရခိုင်ယဉ်ကျေးမှုနှင့် ရခိုင်သမိုင်းအတွက် အလွန်ကျေးဇူး ကြီးမားသော ကျမ်းပြုပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါသည်။
ဦးဦးသာထွန်း
ဦးကောင်းစံရွှီ-ဒေါ်အောငြွ်ကဇံတို့မှ မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်၌ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် သောကြာနေ့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် သမိုင်း၊ ရာဇဝင်များကို အဘိုးဖြစ်သူ ရာဇဝင်ဆရာကြီး ဦးသာထွန်းအောင်တို့ထံမှ သင်ယူခဲ့ပြီး ကျောက်စာဝန် ဦးစံရွှေဘုနှင့်လိုက်လံ၍ ရှေးဟောင်းသုတေသနပညာရပ် များကို ဆည်းပူးခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၅ ခုနှစ် အထိ မူလတန်းကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရှေးဟောင်းသုတေသနဌာန၏ ရခိုင်-မြန်မာ ပဏ္ဍိတ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ဦးဦးသာထွန်း၏ သမိုင်းရာဇဝင် ကျွမ်းကျင်မှုကြောင့် ရခိုင် ယဉ်ကျေးမှု၊ ရခိုင်သမိုင်းရာဇဝင်တို့ကို သုတေသီများ အလွယ်တကူ လေ့လာခွင့်ရကြပါသည်။ ထို့အပြင် စာပေ ဟောပြောပွဲ၊ ပြည်ထောင်စုပြပွဲ၊ မြန်မာ့အသံ ရခိုင်အစီ အစဉ်တို့တွင် ရခိုင်သမိုင်း ၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို ကိုယ်တိုင်ပါဝင် အသံလွှင့်ခဲ့ပါ သည်။ ဒေသထုတ်မဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသား ခဲ့ပြီး လုံးချင်းသမိုင်း စာအုပ်များပြုစုရင်း ၁၉၉၀ ပြည့်နှစ် ဩဂုတ်လ ၁၄ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။
ဦးစံသာအောင်
ဦးသာဇံဦး-ဒေါ်မဘုမေတို့မှ ၁၉၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က စစ်တွေမြို့ ရွှေပြားရပ်ကွက်၌ မွေးဖွားခဲ့ သည်။ ပညာရေး၌ ထူးချွန်ပြီး ရန်ကုန်တက္ကသိုလ်နှင့် ကာလကတ္တားတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် တန်းမြင့်ကျောင်းထွက်စာမေးပွဲကို စစ်တွေ မြို့ အစိုးရအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအက်စ်(စီ) ရူပဗေဒဂုဏ်ထူးတန်းကို ပထမအဆင့်မှ အောင်မြင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ မဟာဝိဇ္ဇာ(ရူပဗေဒ)ဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန် တက္ကသိုလ်တွင် သရုပ်ပြဆရာအဆင့်မှ ရူပဗေဒပါမောက္ခ အဖြစ် လည်းကောင်း၊ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် လည်းကောင်း၊ အထက်တန်းပညာဦးစီးဌာန၌ လည်း ကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။
ဦးစံသာအောင်သည် ကျောင်းသုံးရူပဗေဒစာအုပ် များ၊ သုတေသနစာအုပ်များစွာကို ပြုစုခဲ့သည်။ ရခိုင် ဒင်္ဂါးများနှင့်ပတ်သက်၍ စာအုပ်များစွာ ရေးသားခဲ့သည်။ အာနန္ဒစြားကျောက်စာကို အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ အရှေ့တိုင်းပညာပါမောက္ခ ဒေါက်တာ အီးအိပ်ချ် ဂျွန်စတင်နှင့်အတူ ပထမဦးဆုံး အဓိပ္ပာယ် ဖော်ထုတ်ခဲ့သည်။ ၁၉၇၂ ခုနှစ်မှစ၍ ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုများကို သုတေသနပြုလုပ်၍ အေဒီ တစ်ထောင် မတိုင်မီ ရခိုင်သမိုင်းနှင့်ပတ်သက်သော စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၈၁ ခုနှစ် မေလ ၂၅ ရက် နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။
ဆရာတော် အသျှင်စက္ကိန္ဒ
ဖခမည်းတော် ဦးထွန်းအောင်ရှီနှင့် မယ်တော် ဒေါ်ချင်းဘုံမေတို့မှ ၁၉၃၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နယ် ခြံချောင်းရွာ၌ မွေးဖွားသန့်စင်ခဲ့ သည်။ ငယ်နာမည်မှာ ညိုဇံမောင်ဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် ရှင်သာမဏေပြုခဲ့ပြီး စာပေနယ်သို့ ၁၉၅၅ ခုနှစ်တွင် စတင် ဝင်ရောက်ခဲ့သည်။ ဆရာတော်သည် နတ်မြစ်စန်း အောင်၊ နတ်မြစ် ညိုဇံမောင်ရှီ ၊ အသျှင်စက္ကိန္ဒ၊ ဦးပါဋ၊ အသျှင်ကြီး စသည့် ကလောင်အမည်များကို အသုံးပြုကာ ရခိုင်သမိုင်း၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်ရိုးရာဓလေ့၊ ရခိုင်တေး ကဗျာ၊ ရခိုင်ပုံပြင်၊ ရခိုင်စကားပုံစသည့် စာအုပ်ပေါင်း ၂၅ အုပ် ရေးသားထုတ်ဝေခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နံနက် ၃ နာရီတွင် ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံ၌ ပျံလွန် တော်မူသည်။ ပျံလွန်သည့်အချိန်တွင် သက်တော် ၈၃ နှစ်၊ ဝါတော် ၆၃ ဝါ ရှိပြီဖြစ်သည်။
ဦးထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)
ကုန်သည်ကြီး ဦးလာဘ-ဒေါ်ငွေချိန်တို့မှ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၌ ၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့ ပါသည်။ ၁၉၇၂ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာ(ပထဝီဝင်)ဘွဲ့ကို ရရှိခဲ့သည်။ ပါရဂူဘွဲ့ အတွက် " ] Evoiution of Rakhine Ancient Capitals " ရခိုင်သမိုင်းကို ကျမ်းပြုစုတင်သွင်းခဲ့သည်။ ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)အမည်ဖြင့် ရခိုင်သမိုင်းစာအုပ်များ နှင့် ရခိုင်ယဉ်ကျေးမှုဆိုင်ရာ သုတေသနစာတမ်း စာအုပ် များစွာတို့ကို ရေးသားပြုစုထုတ်ဝေခဲ့ပါသည်။ ထို့နောက် ရခိုင်သမိုင်းများကို က္ဘာကသိစေရန်အတွက် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော "A Guide To Mrauk-U
"and " A Guide To Maharmuni " ဟူသော စာအုပ် နှင့် ရခိုင်မဟာရာဇဝင်ကြီးအပါအဝင် စာအုပ်ပေါင်း ၁၈ အုပ် ထုတ်ဝေခဲ့ပါသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက် နံနက် ၄ နာရီ မိနစ် ၂၀တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန် သွားခဲ့ပါသည်။ ။