ကန့်ဘလူ ၂၈ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်  ထန်းကုန်းနှင့် ကန့်ဘလူဘူတာကြား မိုင်တိုင်အမှတ်( ၄၈၇/၂၄) နှင့်(၄၈၇/၂၃)အကြားတွင် မတ် ၂၈ ရက်နံနက် ၅ နာရီ မိနစ် ၄၀ က သစ်လုံး ရထား အမှတ်(၅၁၄)အစုန်ရထားသည် သစ်လုံးတွဲလေးတွဲ ချော်ကျမှုဖြစ်ပွားခဲ့ရာ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းမှာ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

 

002

 

အဆိုပါ သစ်လုံးရထားတွဲချော်မှုကြောင့် ကန့်ဘလူဘူတာတွင် မြစ်ကြီးနား-မန္တလေး အစုန်ရထား အမှတ်(၅၈)သည် ရပ်တန့်ထားရပြီး ယင်းနေ့နံနံက်ပိုင်းက ခရိုင်/မြို့နယ် တာဝန်ရှိသူများသည် မြန်မာ့မီးရထားမှ ချော်ကျတွဲများ ပြန်လည်မတင်ခြင်း၊ သံလမ်းများ ပြုပြင်နေမှုတို့ကို ကြည့်ရှုခဲ့ကြပြီး သစ်လုံးရထား တွဲချော်ကျမှုကြောင့် လမ်းပိတ်ဆို့သွားသော မြစ်ကြီးနား-မန္တလေး မီးရထားလမ်းအား အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)