ထန်ပါခွေ      ဒီဇင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့ နံနက် ၈ နာရီက (၂၅)နှစ်မြောက် ဂျူဗလီအထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရန်ဟီးဝေပုံက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက အားကစားပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားကာ ဘောလုံး၊ ဘော်လီဘော ပြိုင်ပွဲဝင်အသင်းများက အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

 

 

အဆိုပါ (၂၅)နှစ်မြောက် ဂျူဗလီအထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ထန်ပါခွေမြို့‌ဌာနဆိုင်ရာများ၊ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း(၁၅)သင်းနှင့် ဘောလီဘောအသင်း(၁၁)တို့မှ ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)