ထန်ပါခွေ ၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေမြို့ အထက ကျောင်းရှေ့တွင် အလျားပေ(၁၆၀) ၊ အနံ(၂)ပေ၊ အမြင့်(၃)ပေဖြင့် ကျောက်စီမြေထိန်းနံရံ လုပ်ငန်းဆောင်ရွက်မှုကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်စည်ပင်သာယာရေး ရန်ပုံငွေ ၄၉ သိန်း ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ထန်ပါခွေမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးပိုင်စိုးကြူးက ပြောသည်။
ဆက်လက်၍ ကျန်ရှိနေသည့် ရေပေးဝေရေးလုပ်ငန်းနှင့်ပန်းခြံအတွက်သစ်ကိုင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
စနေမောင်(ခန္တီး)


