ထန်ပါခွေ ၁၂ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ထောက်ပံ့သော အပေါ့စားမီးသတ်စက် ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ထန်ပါခွေမြို့၊ တာမောင်ကျေးရွာအုပ်စုအတွက် ထောက်ပံ့သော အပေါ့စားမီးသတ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း(၁၂)မျိုးအား ထန်ပါခွေမြို့ နယ်မြေ မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းက တာမောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြင်လာထံသို့ ပေးအပ်ခဲ့သည်။
ထို့နောက် လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းက မီးဘေးလုံခြုံရေး၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများထိရောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးသတိမူရေး ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)