ထန်ပါခွေ ၁၈ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် တောင်ယာစပါးများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

အစေ့ထုတ်ပြောင်းသီးနှံပြီးလျှင် မိုးစပါးသည် ဒုတိယအများဆုံး စိုက်ပျိုးသည့် သီးနှံဖြစ်ကြောင်း၊ တောင်ယာစပါးကို အဆိုပါဒေသတွင် ယခင်နှစ်က ၁၃၂၁ ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးဦးကျကျခြင်း စတင်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ပြောသည်။

 

ကိုဗစ်-၁၉ ကာလအတွင်း  လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု မကျဆင်းစေရေးအတွက် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက ထန်ပါခွေမြို့နေ တောင်သူ ဦးပါဟင်၏ တောင်ယာတွင် တောင်ယာစပါး(ဘူကျောက်) သုံးဧက စိုက်ပျိုးနေမှုအား ကြည့်ရှုခဲ့ကြသည်။

 

ဟန်ထွန်း(အင်းဝ)