ထန်တလန် ၇ ဧပြီ    

 

ချင်းပြည်နယ် ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ကားကြီးဝန်းဂိတ်၌ ပြည်သူများ သောက်သုံးရေ ရှားပါးကာ မလုံလောက်ခြင်းကြောင့် မြို့နယ်မီးသတ်ဦးစီးဋ္ဌာန၊ မြို့နယ်စခန်းမှူး ဦးမှုန်နှင်းဦးဆောင်၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် အမှတ် (၁) ရပ်ကွက် အိမ်ထောင်စု (၆၀) အတွက် ရေဂါလန် (၁၆၀၀) ဆံ့ မီးသတ်ကားဖြင့် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် သောက်သုံးရေ ဂါလန် ၁၆၀၀ ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဋ္ဌာနထံမှ သိရသည်။

 

ယောန(ပြန်ဆက်)