ထန်တလန် ၊  ၂၁  ဇန်နဝါရီ

 

ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ ထန်တလန်မြို့မှ ၄ မိုင်ခန့်အကွာတွင် ဇန်နဝါရီ လ ၂၁ ရက် မနက် ၁ နာရီ ၄၅ မိနစ်က မီးကြွင်းမီးကျန်မှတစ်ဆင့်လူနေအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ထန်တလန်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် ဦးရမ်ကျဲအိုထန်၏ နေအိမ် ၂၄ x၁၆ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း၊(၂)ထပ် လူနေအိမ်တစ်လုံး၏ မီးဖိုဆောင်အတွင်းရှိ မီးကြွင်း မီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သော မီးသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး စုစုပေါင်း (၃) စီး ဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ မနက်၂ နာရီ ၂၅မိနစ်တွင် မီးငြိမ်းခဲ့ပြီး လူ၊တိရစ္ဆာန်ထိခိုက် သေဆုံးမှုမရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

မီးလောင်မှုနှင့်ပတ်သက်၍ ဦးရမ်ကျဲအိုထန်အား ထန်တလန်မြို့ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)