ထန်တလန်      ဇူလိုင်      ၃၀

 

ချင်းပြည်နယ်၊ ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက် TBC (Thantlang Baptist Church) ဘုရားကျောင်း၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား  ယနေ့ နံနက် ၉ နာရီခွဲက ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

 

ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာ၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီမှကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

        

ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ အမျိုးသား (၇၈)ဦး၊ အမျိုးသမီး (၆၆)ဦး စုစုပေါင်း (၁၄၄)ဦးတို့အား ထိုးနှံပေးခဲ့သည်။

မားမာန် (ထန်တလန်)