ထန်တလန်     ၁၅    ဧပြီ  

    

ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံ စားကုန် (၅)မျိုးကို အိမ်အရောက်ဖြန့်ဝေပေးလျက်ရှိရာ ချင်းပြည်နယ် ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၄၁) စု၊ ကျေးရွာပေါင်း(၈၅) ရွာတွင် နေထိုင်ကြသော အိမ်ထောင်စုများအတွက် ဧပြီလ ၁၅ ရက်နေ့တွင် အိမ်အရောက်ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

 

3840

 

အဆိုပါ အခြေခံစားကုန်(၅)မျိုး ထောက်ပံ့ပေးအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်  နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈) ပြည် ၊ ဆီ (၅၀) ကျပ်သား ၊ ဆား (၅၀) ကျပ်သား ၊ ပဲ (၁) ပိဿာနှင့် ကြက်သွန် (၁) ပိဿာ စသည့် အခြေခံစားကုန် (၅) မျိုးကို ထန်တလန်မြို့နယ် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၁၄၂) စုတို့အား မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ ဖွဲ့စည်းထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာ များပါဝင်သည့် အဖွဲ့ ၉ ဖွဲ့ဖြင့် အုပ်စုအလိုက် ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယောန(ပြန်/ဆက်)

 

3136