ထန်တလန် ၉ မေ
ချင်းပြည်နယ် ထန်တလန်မြို့နယ် မွှန်လီပီးကျေးရွာတွင် မေ ၈ ရက် ည ၁၂ နာရီခန့်က လူနေအိမ်သုံးလုံး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မွှန်လီပီးကျေးရွာ ဒေါ်ကီရ်ပါရ် (၅၁)နှစ် (ဘ)ဦးဟရမ်ဇမ်း၏ နေအိမ်ရှိ မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးရှိ လူနေအိမ် သုံးလုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် သုံးလုံးနှင့် အိမ်ထောင်ပရိဘောဂများ ဆုံးရှုံးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု (၃)စု၊ ကျား ကိုးဦ၊ မ ရှစ်ဦး စုစုပေါင်း ၁၇ ဦးအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် နေရာချထားပေးကြောင်း သိရသည်။
မီးဘေးသင့် အိမ်ထောင်စုများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ကျေးရွာနေ ပြည်သူများ ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
MDN