နေပြည်တော် ၁၁ စက်တင်ဘာ
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ကျန်းမာရေးဦးစီးမှူးမှ တိုင်တန်း၍ စက်တင်ဘာ ၁၀ ရက်က ထိန်ဟွာလ်ကျေးရွာနေ သန်လျန်(ခ)သင်လျန်ကျုံး (၂၃)နှစ်အား ထန်တလန်မြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ သန်လျန်(ခ)သင်လျန်ကျုံးသည် ဩဂုတ် ၁၈ ရက်က အိန္ဒိယနိုင်ငံ ကျန်ဖိုင်းမြို့ ကြောင်သွေးကျေးရွာမှ တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်ပြန်လာခဲ့ရာ နေအိမ်သို့ ပြန်လည်ရောက်ရှိ နေထိုင်ခဲ့သော်လည်း Quarantine Center သို့ သတင်းပို့ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် ၎င်းအား ခေါ်ဆောင်၍ ထန်တလန်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်ခဲ့ရာမှ စောင့်ကြည့်ကာလပြီးဆုံး၍ တိုင်တန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား